Part 20(Unicode)
3.2K 223 4
ယနေ့သည် ပိတ်ရက်ဖြစ်သော်လည်း
မိုးထက်ပိုင်ထူးတစ်ယောက် ထူးထူးဆန်းဆန်းပင်
အပြင်မသွားဘဲ အိမ်မှာသာရှိနေဆဲဖြစ်သည်။
မနက်စောစောအလင်းရောင်ကို ခံယူဖို့ရန် ဝရန်တာသို့ထွက်လာခဲ့သည်။ လက်နှစ်ဖက်ကိုဆန်းတန်းရင်း
လေကိုတစ်ဝကြီးရှူပစ်လိုက်သည်။
ဧကကိုတွေ့လိုတွေ့ငြား ချောင်းကြည့်သော်လည်း
ပိတ်ထားသောဝရန်တာတံခါးကိုသာတွေ့ပြီးနောက် မိုးထက်ပိုင်ထူးသည် အကြောင်းရင်းမရှိပါဘဲ သက်ပြင်းချလိုက်မိသည်။
အခန်းထဲပြန်ဝင်မည်အပြု.....
ကြားလိုက်ရသောအသံတစ်ခုကြောင့် ဧကအခန်းဝရန်တာနှင့်
နီးကပ်နေသော ဝရန်တာအစွန်းနားထိ တိုးသွားပြီး မတ်တပ်ရပ်စောင့်နေလိုက်သည်။
တံခါးပွင့်လာပြီး လှုပ်တုတ်လှုပ်တုတ်နှင့် ဖြည်းဖြည်းချင်းထွက်လာသော ဧက၏ပုံစံလေးက
ချစ်စရာကောင်းစွာ......
ရှုပ်ပွနေသောဆံပင်တွေကို လက်နဲ့သပ်ချပြီးနောက်
မပွင့်သေးသောမျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်သပ်ပြီး
လက်နှစ်ဖက်ကိုရှေ့သို့ဆန့်တန်းကာ အပျင်းကြောဆန့်နေသည်။
တစ်ကိုယ်လုံး အညောင်းအညာပြေအောင် အမျိုးမျိုးလုပ်ပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား
စကြည့်လာသည်။ မျက်လုံးတစ်ဖက်ကပွင့်သွားလျှင် တစ်ဖက်ကမှိတ်နေပြီး မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ် လုပ်နေသော်လည်း နှစ်ဖက်စလုံးမပွင့်သေးသည်မှာ    အိိပ်ရေးမဝသေးသည့်ပုံပေါက်နေသည်။
မိုးထက်သည် ဧကကိုချစ်စရာကောင်းလိုက်ဟု စိတ်ထဲမှာလည်းတွေးနေရင်း
ဝရန်တာလက်တန်းပေါ်သို့ လက်နှစ်ဖက်ကိုအားပြုမှီကာ
အသေအချာကိုကြည့်နေမိသည်။
ဧကသည် ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း
တစ်ဖက်ဝရန်တာတွင် သူ့အားကြည့်နေသော မိုးထက်ပိုင်ထူးကို မြင်တော့မှ နည်းနည်းသာပွင့်သေးသောမျက်လုံးနှစ်ဖက်က ပုံမှန်အတိုင်း ဖြစ်သွားတော့သည်။
"ဧက.....မောနီး......"
ခင်ဗျားရုပ်စပ်ဖြဲဖြဲက မောနီးချင်စရာ တစ်ကွက်မှမရှိဘူး....