Part 17(Unicode)
3K 229 5
"ဆရာလေး......မောင်ထွန်းဟိန်းက
ဆရာလေးနဲ့ တွေ့ချင်လို့တဲ့...ခဏလောက်...
အချိန်ပေးပါလား....."
လွင်သစ်သွေးအိမ်ထဲသို့ရောက်သည်နှင့် ဒေါ်လုံးကဆီးကြိုကာ ပြောလိုက်ခြင်းဖြစ်သည်။
"ဘယ်သူ......."
လွင်သစ်သွေးသည် ဦးထွန်းဟိန်းနာမည်အား အခုမှကြားဖူးသလိုပုံစံနှင့် ဒေါ်လုံးအား ပြန်မေးနေလေသည်။
"ဧကလေးအဖေလေ.....ဧည့်ခန်းထဲမှာစောင့်နေတယ်....
သွားတွေ့လိုက်နော်....."
"အော်.....ဟုတ်ကဲ့ပါ....
ကျွန်တော်တွေ့ပါ့မယ်......"
ဧည့်ခန်းထဲရောက်တော့ ကျွန်းစားပွဲခုံကြီးရှေ့တွင် ထိုင်နေသော သူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူဘေးတွင် မြနှောင်းသာလည်းရှိနေသည်။
မြနှောင်းသာသည် လွင်သစ်သွေးကိုတွေ့တော့
အမူအရာအနည်းငယ်ပျက်သွားသည်။ သို့သော် လွင်သစ်သွေးမှလွဲ၍ သူမဖြစ်သွားသောပုံစံသည်
မည်သို့သဘောဆောင်မှန်း ဘယ်သူမှမရိပ်မိ.....။
လွင်သစ်သွေးကတော့သိပါသည်။ အခြားသူများရှေ့တွင် မြနှောင်းသာသည် လွင်သစ်သွေးအား တစ်ခါမှမသိဖူးသော သူစိမ်းတစ်ယောက်ကဲ့သို့ဆက်ဆံမည်။ ထို့အတူ လွင်သစ်သွေးသည်လည်း သူမလိုပင် ဆက်ဆံရမည်။
လွင်သစ်သွေးသည် ဟန်မပျက်ပင် ဝင်ထိုင်လိုက်သည်။
လွင်သစ်သွေးဝင်ထိုင်လိုက်သည်နှင့် ဦးထွန်းဟိန်းကပြောသည်။
"ဧကလေးအခြေအနေ....ဘယ်လိုရှိလဲဆရာလေး....
စာလိုက်နိုင်ရဲ့လား......"
လွင်သစ်သွေးသည် လူကဲခတ်တတ်သူတစ်ယောက်ဖြစ်ရာ
သူ၏ရှေ့မှ ဦးထွန်းဟိန်းသည် အခုအခြေအနေအရ....
လူကောင်းတစ်ယောက်အတိုင်းပင်...သားဖြစ်သူရဲ့
အခြေအနေအား သိချင်စိတ်ပြင်းပြနေသော ဖခင်တစ်ယောက်နှင့်တူသည်။
"ဟုတ်ကဲ့......ဧကကလိမ္မာပါတယ်.....
စာလည်းလိုက်နိုင်ပါတယ်....ပြောစကားလည်း
သေချာနားထောင်ပါတယ်ဦး..."
ဦးထွန်းဟိန်းက ခေါင်းညိတ်ရင်း......
"ဧကလေးကို သေချာလေးဂရုစိုက်ပေးပါ ဆရာလေး....
လိုတာတွေရှိရင် သူ့အကိုကိုပြောပါ...ဦးကတော့
အရက်နဲ့နှစ်ပါးသွားနေတာဆိုတော့ သူတို့တွေက
စကားသေချာမပြောချင်ကြဘူး...အဲ့တာကြောင့်
ခေါ်မေးကြည့်တာပါ....တစ်ခြားကိစ္စမရှိပါဘူး....."