Part 46
5.3K 423 57
"နောက်နေတာမလား...ဧက....."
မိုးထက်ပိုင်ထူးသည် ခံစားချက်ကိုထိန်းချုပ်ထားရသည့်နှယ် အသံလှိုင်း၌ ပြတ်ရွေမှုတချို့တလေ ပေါ်ထွက်နေသည့်အပြင်
မပြုံးမရယ်မျက်နှာသည် စိတ်ဆိုးဒေါသထွက်နေသည့် ပုံလည်းမပေါက်၊ အနီးစပ်ဆုံး ခြုံငုံသုံးသပ်ကြည့်ရမည်ဆိုလျှင်
မယုံနိုင်ခြင်း၊ အံ့သြထိတ်လန့်ဖြစ်ခြင်းများစွာနှင့် အရေခြုံထားသော မျက်နှာထက်၌ မျှော်လင့်ခြင်းရောင်ခြည်တွေလည်း.
ဖြတ်သန်းစီးဆင်းနေသေးသည်။
မျက်မှန်ကိုင်းမှာ အောက်လျှောကျနေ၍ ဧက၏တဖက်လှည့်နေသောမျက်နှာကို ပိုမြင်သာအောင် နေရာတကျပင့်တင်ပြီးသည့်အပြင် ဧကမျက်နှာမူရာသို့ အပြေးအလွှား ရွှေ့သွားလိုက်သေးသည်။ ဧကသည် သူ၏အကြည့်စက်ဝန်းထဲသို့ မိုးထက်ရောက်လာသောအခါ
တခြားနေရာသို့ မျက်နှာမူလိုက်ပြန်သည်။
"ဧက......အကို့ကို သေချာကြည့်......"
မိုးထက်တစ်ယောက် စိတ်လောနေပြီဖြစ်သည်။ ဧက၏ပခုံးနှစ်ဖက်ကို ဆွဲလှည့်ပြီး သူ့ဆီသို့ မျက်နှာချင်းဆိုင်စေလိုက်သည်။ ပိန်ပါးနေသော ခန္ဓာကိုယ်သည် လက်ဖဝါးနှစ်ဖက်နှင့်အတွေ့တွင် ပို၍ သေးကျုံ့သွားသည်။ တောက်ပခြင်းမရှိသည့် မျက်လုံးတစ်စုံက မိုးထက်ကို ငေးငေးငိုင်ငိုင် ကြည့်နေလေသည်။
"အကိုစောင့်လာခဲ့တာ နှစ်နှစ်ကျော်ပြီဧက....
ဧကသတိပြန်ရလာဖို့ ဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ...
သတိပြန်ရလာပြီဆိုတဲ့ သတင်းကြားပြီး ဘယ်လိုတောင်ပျော်ခဲ့ရလဲသိလား..ဒါပေမဲ့....
ဧက,က အကို့ကိုဘယ်သူမှန်းတောင် မသိဘူးတဲ့...
ဘယ်လိုယုံရမှာလဲ....အကိုဘယ်အင်အားနဲ့...
အဲ့စကားကို ယုံကြည်ရမှာလဲ......"
အားမလိုအားမရဖြစ်စိတ်တွေနဲ့ ဧကခန္ဓာကိုယ်ကို လုပ်ရုန်းမိသွားသည်။
"မသိဘူးလို့ပြောနေတယ်မလား...
အတင်းမလုပ်နဲ့....မကြိုက်ဘူး...ကိုကိုကြီး....
သူ့ကို ကျွန်တော့နားက ခေါ်သွားပေးပါ...."
ဧကဆီမှ စိမ်းသက်သောအကြည့်နှင့် သူစိမ်းဆန်သောစကားကို ကြားလိုက်ရသည့်အချိန်တွင် မိုးထက်ရင်ဘတ်ထဲက အောင့်တက်လာသည်။မိုးထက်ရဲ့ အချုပ်အနှောင်အား ရှိသမျှအားနည်းနည်းလေးနှင့် ရသလောက်ရုန်းကန်နေသည် ကိုကြည့်ပြီး ဧကပခုံးပေါ်ကသူ့လက်တွေကို ဖယ်ခွာပေးလိုက်သည်။