Part 18(Unicode)
2.9K 222 0
မြုံစိမြုံစိနှင့် ထမင်းလုံးတွေကို တစ်လုံးချင်းစီရေစားနေပုံရသော
ကောင်လေးအား မိုးထက်တစ်ယောက် အားမလိုအားမရ ဖြစ်နေမိသည်။ ဧကထမင်းတစ်လုပ်စားပြီးသောအချိန်တွင်
မိုးထက်ပိုင်ထူး၏ထမင်းပန်းကန်ထဲမှာ ထမင်းတစ်ဝက်သာကျန်တော့သည်။
ဧကသည် အစားနည်းသူမဟုတ်သော်လည်း
သူ့ပါးစပ်ထဲရောက်လာသော အစာမှန်သမျှကို ဖြည်းဖြည်းချင်းနှင့် တမြုံ့မြုံ့ဝါးစားတတ်သော အကျင့်ရှိသည်။ တစ်ခြားသူမှာ ထမင်းစားချိန် ဆယ့်ငါးမိနစ်ကြာသည်ဆိုလျှင် ဧကမှာ နာရီဝက်ခန့်မျှ အချိန်ယူရသည်။
အခုလည်း ကြက်သားတုံးကိုကိုက်နေရင်း နှုတ်ခမ်းထောင့်မှာပေသွားတာကို မိုးထက်ပိုင်ထူး
တွေ့လိုက်ရသဖြင့် ဧကထက်ဦးအောင် tissueယူပြီး
လက်ထဲသို့ ထည့်ပေးရန် ကြံရွယ်လိုက်သော်လည်း...
မိုးထက်သည် ကိုယ်တိုင်သုတ်ပေးချင်စိတ်ပေါ်လာသဖြင့်
မရည်ရွယ်ပါဘဲ ဧကနှုတ်ခမ်းပေါ်သို့ tissueနှင့်တကွလက်ပါ ရောက်သွားပြီးဖြစ်သည်။
နှုတ်ခမ်းပေါ် လက်ရောက်သွားတော့မှ ဧကမျက်နှာလေးသည်
မိုးထက်ပိုင်ထူးလက်ထက် နည်းနည်းလေးသာပိုကြီးမှန်း သေချာသိလိုက်ရသည်။ tissueစခံထားသော်လည်း
နီရဲပြီးဖူးနေသော နှုတ်ခမ်းသားလေး၏ နူးညံမှုကို ခံစားမိနေသည်။
မိုးထက်ကိုကြည့်ပြီး ပြူးကျယ်၍ မျက်တောင်ပုတ်ခတ်နေသော
မျက်လုံးလေးက အရုပ်လေးလို ချစ်စဖွယ်ကောင်းလှသည်။
စံပယ်ရနံ့လေးသင်းသော ဆံနွယ်အထက်ပိုင်းကို ရှူရှိုက်မိသောအခါ မိုးထက်၏နှာခေါင်းဝသည် ဧကဦးခေါင်းထက်သို့ နယ်ကျွံသွားခဲ့သည်။
"ခင်ဗျား....ဘာလုပ်နေတာလဲ......"
နယ်ကျွံမိသည့်အချိန်ခဏလေးမှာပင် ဧက၏တွန်းထုတ်ခြင်းကို မိုးထက်ခံလိုက်ရသည်။ မပြင်းသောအားနှင့်မို့ မတုန်မလှုပ်ကျောက်ရုပ်ခန္ဓာကိုယ်က ဒီအတိုင်းပင် ရှိနေမည်ဖြစ်သော်လည်း ဧကဖြစ်စေချင်သည့်အတိုင်း....
မိုးထက်သည် သူ၏ခန္ဓာကိုယ်ကို အနောက်သို့အနည်းငယ် ရွှေ့ပေးလိုက်သည်။
ထို့နောက်....
"ဘာလုပ်လို့လဲ......
နှုတ်ခမ်းမှာပေနေလို့သုတ်ပေးတာလေ......"