Part 12(Unicode)
3.6K 251 1
*သွေး.....ဒါသွေးမဟုတ်လား......
ဘယ်လိုလုပ် ဒီလိုပုံစံနဲ့ ဒီအိမ်ရောက်လာတာလဲ.....
နင်လုံးဝပုံစံပြောင်းသွားပါလား...လွင်သစ်သွေး.....*
မြနှောင်းသာသည် ပြည့်စုံထွန်းလင်းနှင့်အတူပါလာသော ကောင်လေးအား သူမသိနေသည့်သူဟုတ်မဟုတ် သေချာစူးစမ်းကြည့်နေမိသည်။ ဝတ်ပုံစားပုံမှာ အခြားသူတစ်ယောက်ဟုပြောရလောက်အောင် ပြောင်းလဲနေသော်လည်း သူသည်ကား သူမအတွေးထဲမှ
လွင်သစ်သွေးဆိုသော အမည်နာမပိုင်ရှင်ဆိုတာ သေချာသည်။
ပြည့်စုံထွန်းလင်းနှင့် ဧကအားဂိုက်လုပ်ပေးမည့်ကောင်လေးမှာ တဖြည်းဖြည်းနှင့် မြနှောင်းသာအနားသို့ ရောက်လာပြီဖြစ်သည်။
မြနှောင်းသာသည် မျက်နှာမလွှဲဘဲ ထိုကောင်လေးအား သေချာကြည့်နေခဲ့သော်လည်း ထိုကောင်လေးမှာတော့ မြနှောင်းသာအား မြင်သေးသည့်ပုံမပေါ် ပြည့်စုံထွန်းလင်းနှင့်
ရယ်မောကာ စကားပြောလာရင်း မြနှောင်းသာရပ်နေသောနေရာသို့ အရောက် ခြေလှမ်းတို့က ရပ်တန့်သွားသည်။
သူ၏မျက်နှာတွင် အံသြခြင်းအရိပ်အယောင်တွေ
ဖြတ်သန်းစီးဆင်းကာ မျက်မှန်အောက်ရှိ နက်မှောင်သော မျက်ဝန်းအစုံတို့က ဝိုင်းစက်လာပြီး စေ့ရုံစေ့ထားသော နှုတ်ခမ်းပါးတို့မှာ အနည်းငယ်တုန်လှုပ်သွားသည်။
မြနှောင်းသာနှင့် ထိုကောင်လေးတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံသြနေကြချိန်တွင် ပြည့်စုံထွန်းလင်းသည်.......
"ဆရာလေး.....ဧကဆီသွားရအောင်......"
မြနှောင်းသာအား ခပ်စိမ်းစိမ်းကြည့်ပြီး
ထိုနေရာတွင် မနေစေချင်ပုံရသော ပြည့်စုံထွန်းလင်းကြောင့်
မြနှောင်းသာဆီမှ သူ့ရဲ့အကြည့်တွေကိုရုပ်သိမ်းပြီး ပြည့်စုံထွန်းလင်းခေါ်ရာနောက်သို့ လိုက်သွားခဲ့သည်။
ကျန်ရစ်ခဲ့သူ မြနှောင်းသာမှာ......
"သေချာပါတယ်.....
ငါ့ကိုတွေ့တော့...သူအံသြသွားတာသေချာတွေ့လိုက်တယ်....ဆုံလည်း လာဆုံတတ်တယ်...လွင်သစ်သွေးရယ်..."
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ညီလေး....ဒါညီလေးကို
ဂိုက်လုပ်ပေးမဲ့ဆရာ...နာမည်ကလွင်သစ်သွေးတဲ့....
ဆရာ့စကားလည်းနားထောင်နော်....နားမလည်တာရှိရင်
သေချာမေး..."