Part 22
5K 411 104
မြနှောင်းသာသည် သူမ၏ခြေချောင်းဖြူဖြူတို့နှင့် မြေကြီးကို ထိုးဆွနေသည်။ အသန့်ကြိုက်တတ်သောသူမသည် စိတ်ညစ်ညူးလာသည့်အချိန်တိုင်း သူမ မကြိုက်သောနည်းလမ်းတို့ကို အသုံးပြုကာ
စိတ်ဖြေလေ့ရှိသည်။
"မမ........."
အသံကြားမှ သူမဘေးတွင် မိုးထက်လာရပ်နေသည်ကိုသိပြီး
မျက်တောင်တို့ကို တဖျက်ဖျက်ပုတ်ခတ်ရင်း မောင်ဖြစ်သူအား မော့ကြည့်လိုက်သည်။ မိုးထက်ရှေ့တွင် သူမပျော်နေသည့် ပုံသာပြချင်သည်။ မောင်နှမနှစ်ယောက်တွင် မိုးထက်ပိုင်ထူးတစ်ယောက်တော့ စိတ်မညစ်စေချင်...။
သူမတစ်ယောက်တည်းနှင့်ပင် လုံလောက်နေပြီမို့....။
"ထိုင်လေ မောင်လေး......."
ဖြည်းဖြည်းချင်းလွှဲလျှက်ရှိသောဒန်းအား ငြိမ်သက်အောင်လုပ်ပေးလိုက်တော့ မိုးထက်သည် မြနှောင်းသာဘေးဝင်ထိုင်ရင်း သက်ပြင်းအချို့ချသည်။
"မမ.....ကျွန်တော့ကို
ဖုံးကွယ်ထားတာရှိလား......"
မြေကြီးပေါ်ရှိမြေမှုန်တွေကို ဆော့ကစားနေဆဲဖြစ်သော မြနှောင်းသာ၏ ခြေချောင်းဖြူဖြူတို့သည် ရုတ်ချည်းပင် ရပ်တန့်သွားခဲ့သည်။ သူမသည် မိုးထက်ပိုင်ထူးမျက်နှာအား မကြည့်ဘဲ ရယ်သံနှော၍......
"မရှိပါဘူး...မောင်လေးရဲ့......"
မိုးထက်ပိုင်ထူးသည် မြနှောင်းသာ၏အဖြေကို ဘဝင်မကျ....။
ကျွန်တော့မျက်နှာကို သေချာမကြည့်ရဲဘူးဆိုကတည်းက
မမလိမ်နေတာ ကျွန်တော်သိတယ်.....
မိုးထက်ပိုင်ထူးသည် ဒန်းပေါ်မှဆင်းကာ မြနှောင်းသာအရှေ့တွင် ဒူးထောက်ထိုင်၍ အစ်မဖြစ်သူ၏လက်နှစ်ဖက်အား ဆုပ်ကိုင်ပြီး
ပြောသည်။
"မမ.....ဖေဖေမေမေတို့ မရှိကတည်းက....
မမကိုကျွန်တော်အားကိုးလာတာ...အခုချိန်မှာ
ကျွန်တော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီ....
မမကိုစောင့်ရှောက်နိုင်တဲ့ အင်အားရှိပြီ.....
မမကျွန်တော့ကို အားမကိုးချင်ရင်တောင်....
ကျွန်တော့ကို ယုံကြည်ပေးသင့်တယ်....
ကျွန်တော်က မမရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်တဲ့သူလို့ထင်လို့လား....
မမပြောတာတွေကို နားမထောင်ပေးနိုင်တဲ့သူလို့ ထင်လို့လား...
ဒီရက်ပိုင်း မမတစ်ခုခုဖြစ်နေတယ်ဆိုတာကို မသိလောက်တဲ့ထိ တုံးတဲ့သူလို့ ထင်နေတာလား.....