Part 9(Unicode)
3.6K 269 2
"ညီလေး.....ကျောင်းရောက်ပြီလေ......"
"အော်....ဟုတ်....ဟုတ်....."
အိမ်ကစထွက်ကတည်းက ငေးငိုင်လာသည်မှာ ကျောင်းရောက်တဲ့အထိ။ ပြည့်စုံထွန်းလင်းသတိပေးလိုက်တော့မှ
မျက်လုံးလေးကလယ်ကလယ်နှင့် ဟိုသည်ကြည့်ပြီး... လွယ်အိတ်ကောက်လွယ်သည်။
ဧကမူမမှန်မှန်း ပြည့်စုံထွန်းလင်းကသိသည်။ ထို့ကြောင့်.....
ကားထဲကဆင်းတော့မည့်ဧကအား လှမ်းတားလိုက်ပြီး....
"ဧက....ညီလေး....
ကိုကိုကြီးအမြဲပြောနေကြပါ....
အိမ်ကကိစ္စတွေကြောင့် ဘာမှစိတ်မညစ်နဲ့....
ညီလေးမှတ်ထားရမှာ....ညီလေးရှေ့မှာ ကိုကိုကြီး
အမြဲရှိတယ်ဆိုတာဘဲ...ညီလေးက ဒီလိုမှိုင်တွေနေရင်
ဒီအစ်ကို အားဘယ်ရှိမလဲ....နော်.....
ညီလေးကစာသာကြိုးစား....ဟုတ်ပြီလား....."
ဧကအကိုဖြစ်သူအား မျက်လုံးချင်းဆုံအောင်ကြည့်နေရင်း
ဝမ်းနည်းလာသည်ထင် မျက်လုံးအိမ်ထဲအရည်ကြည်တွေ ရစ်ဝိုင်းနေရာမှ ပါးပြင်ထက်သို့ စမ်းချောင်းသဖွယ် တသွင်သွင်စီးကျတော့သည်။
ညီဖြစ်သူ၏မျက်ရည်ကို မြင်လိုက်ရသော ပြည့်စုံထွန်းလင်းမှာ
သေးသွယ်သောမျက်နှာလေးပေါ်သို့ လက်ကရောက်မိလျှက်သား....
"ညီလေး...ဘာလို့ငိုတာလဲ.....
ကျောင်းတက်ရမှာကို...ဘာငိုစရာပါလို့လဲ....
ကိုကိုကြီးမကြိုက်ဘူးနော် တိတ်တော့...."
"သား.....သား....
ဖေဖေ့ကိုကြောက်တယ်....."
ရှိုက်သံများကြားမှ ထွက်ပေါ်လာသောစကားသံကြောင့်
ပြည့်စုံထွန်းလင်း၏ မျက်ခုံးအစုံက တွန့်ကွေးသွားသည်။
"ဘာလို့လဲ.....ဘာလို့ကြောက်တာလဲ....
ကိုကိုကြီးကိုပြော......"
"ဖေဖေ.....အရက်...သောက်တဲ့အချိန်....
သား....အရမ်းကြောက်တယ်....."
ပြည့်စုံထွန်းလင်းစိတ်ထဲ လေးလံမှုတို့ စတင်ချဉ်းကပ်ဝင်ရောက်လာသည်။ ဧကခံစားချက်ကို ပြည့်စုံထွန်းလင်းတစ်ယောက် အမှန်ပင် နားလည်ပါသည်။
ဧကငယ်စဉ်ကလေးဘဝကတည်းက အဖေဖြစ်သူသည် အရက်မူးလာရင်ပြဿနာမရှိပြဿနာရှာ၊မိခင်ဖြစ်သူနှင့်လည်း ခဏခဏ ရန်ဖြစ်ခဲ့ရုံမက တစ်ခါတစ်လေ ကိုယ်ထိလက်ရောက် ကျူးလွန်တတ်သည်မျိုးတို့ကို တွေ့ခဲ့ရ၍ အကြောက်တရားက သံမှိုစွဲကပ်သလို ထင်ကျန်နေတာ ဖြစ်လိမ့်မည်။