Part 39(Unicode)
2.5K 205 2
"ကိုကိုကြီး........"
ဧကအသံကြောင့် မိုးထက်ပါထိတ်လန့်သွားမိကာ..
ဧကမျက်နှာမူနေရာသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။ မီးဖိုခန်းဝရပ်နေသူကိုမြင်တော့ နှစ်ယောက်သား နီးနီးကပ်ကပ်ရှိနေရာမှ ပြန်ခွာလိုက်ကြသည်။
"ဘယ်လိုဖြစ်လို့.....ဒီလိုမျိုး....."
ပြည့်စုံထွန်းလင်းသည် ခပ်တိုးတိုးရေရွတ်၍ လက်သီးနှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။မြင်လိုက်ရသောမြင်ကွင်းသည် သူ့အားအံ့အားသင့်စေပြီး ဖော်မပြတတ်သော ထိတ်လန့်မှုကြီးကိုဖြစ်စေသည်။
မိုးထက်တစ်ယောက် ဧကနှင့်ပြည့်စုံထွန်းလင်းကို တစ်လှည့်စီကြည့်လိုက်သည်။ ဧက၏မျက်ဝန်းထဲတွင် မျက်ရည်ဥတို့တွဲခိုနေပြီး နှုတ်မှ ကိုကိုကြီးဟုသာ ရေရွတ်နေသည်။ပြည့်စုံထွန်းလင်း၏အကြည့်သည် စူးရှလွန်းသည်။ အတူနေခဲ့သော တစ်လျှောက်လုံးတွင် ပြည့်စုံထွန်းလင်းသည် ညီဖြစ်သူအား တင်းမာသောအကြည့်ဖြင့် ကြည့်နေသည်ကို မတွေ့ခဲ့ရဖူး...။
ဧကမှာလည်း ကြောက်ရွံ့နေသည်နှယ် ပို၍သေးကျုံ့သွားသော ခန္ဓာကိုယ်လေးသည် ကျယ်ဝန်းသော ပတ်ဝန်းကျင်တွင် နေစရာမရှိတော့သလိုပင်.....။
မိုးထက်သည် ဧက၏ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ပြည့်စုံထွန်းလင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်ကာ...
"အကိုပြည့်စုံ.......ကျွန်တော်....."
မိုးထက်စကားဟပြီးချိန်တွင် အရှိန်ပြင်းသောလက်သီးချက်သည် မျက်နှာပေါ်သို့ကျရောက်လာသည်။ ခေါင်းတစ်ခုလုံးပူထူသွားပြီး သတိပြုမိသည့်အချိန်တွင် မိုးထက်မှာ ကြမ်းပြင်ပေါ် ဖင်ထိုင်လျှက် လဲနေပြီဖြစ်သည်။ ဧကသည် ကြောက်ရွံလွန်းသဖြင့် နေရာကပင်မရွေ့....။ ထိုမြင်ကွင်းအား မမှိတ်မသုန်ကြည့်နေလျှက်.....။
"မင်းကိုယ့်ကိုယ်ကိုယ် ဘာလုပ်မိလဲဆိုတာ
စဉ်းစားမိရဲ့လား...နုနယ်သေးတဲ့ငါ့ညီကို...
ဘယ်လိုအပြုအမူတွေ လုပ်လိုက်မိလဲဆိုတာ...
မင်းသိရဲ့လား......"
ပြည့်စုံထွန်းလင်းသည် ကြမ်းပြင်မှာလဲနေသော မိုးထက်အား ဒေါသတကြီးနှင့် အော်ဟစ်ပြောဆိုလိုက်သည်။