Happy Aprilfool Day(Unicode)
2.1K 125 5
နေ့ခင်းထမင်းစားနားချိန်ဖြစ်သည်မို့ ပြည့်စုံထွန်းလင်းတစ်ယောက် ရုံးမှစောစောပြန်လာပြီး ဒေါ်လုံးပြင်ပေးထားသော ထမင်းဝိုင်းထဲတွင် စားဖို့ဝင်အထိုင်...ထိုင်ခုံပေါ် တင်မကျသေးခင်မှာပဲ ဧကအခန်းဆီမှအသံတစ်ခုကြားလိုက်ရသောကြောင့်...
အလျင်အမြန်ထပြေးသွားမိသည်။
ပြည့်စုံထွန်းလင်း၏အပြုအမူမှာ စိုးရိမ်တကြီးဟန် ဖြစ်နေသောကြောင့် ဒေါ်လုံးသည်လည်း သူမ၏ ဝဝဖိုင့်ဖိုင့်ခန္ဒာကိုယ်အား အစွမ်းကုန်လှုပ်ခါ၍ ဧကအခန်းဆီသို့
ဦးတည်လိုက်ရတော့သည်။
ဧကအခန်းထဲရောက်သွားတော့ ကုတင်ပေါ်တွင် ဒူးလေးကျုံ့ကာ ဝမ်းဗိုက်နှင့်ပေါင်အကြား လက်နှစ်ဖက်လုံးထိုးညှပ်၍ မျက်နှာရှုံ့မဲ့နေသော ဧကအား တွေ့လိုက်ရသည်ကြောင့်..ပျာပျာသလဲနှင့်
"ညီလေး.....ဘာဖြစ်လို့လဲ....
ဗိုက်ကဘာဖြစ်လို့လဲ...."
"မသိဘူး...ကိုကိုကြီး...
စူးပြီးတော့အောင့်နေတယ်...."
"စူးပြီးအောင့်တယ်...ဟုတ်လား...."
ဧကစကားကြားတော့ ပြည့်စုံထွန်းလင်းတစ်ယောက် ပိုလို့ပင်စိုးရိမ်သွားခဲ့သည်။
ဧကမှာ ဗိုက်ခဏခဏနာတတ် သောကြောင့် အစာကိုဂရုတစိုက်စားရန် ၊ထမင်းစားပြီးတိုင်း ဆေးပုံမှန်သောက်ရန် ပြည့်စုံထွန်းလင်းသည် အချိန်တိုင်း မှာနေတတ်သည်ကြောင့် အစာအိမ်နှင့်ပတ်သတ်၍ နာတာ၊ကျင်တာမျိုးမကြားရတာကြာပြီဖြစ်သော်လည်း...ယခုတွင်
တော့ လေထိုး၍သာအောင့်နေကျဗိုက်တွင် စူး၍အောင့်သည်ဟု ပြောသံကြားရသောအခါ ဧက၏ဒူးခေါင်းအောက်ထဲ လက်လျိှုသွင်း၍ ချီမပြီး ဆေးရုံသွားဖို့ ဟန်ပြင်ပါတော့သည်။
ပြည့်စုံထွန်းလင်းလုပ်ပုံကြောင့် ဒေါ်လုံးသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်၍ ဧကကိုပဲဝိုင်းချီရတော့မလို၊ တံခါးပဲပြေးဖွင့်ရမလို ယောက်ယတ်ခတ်ကာ နေပါသည်။
"အာ....ဒေါ်လုံး....ဧကကို ကျွန်တော်နိုင်တယ်....
တံခါးအရင်ဖွင့်ပေး...ပြီးရင်ကျွန်တော့ပိုက်ဆံအိတ်နဲ့ဖုန်းလေးယူပြီးကားနားလိုက်ခဲ့....."