Part 33(Unicode)
2.7K 196 3
တဖြည်းဖြည်းကျဆင်းနေသော ရေစက်ရေပေါက်တွေအား
မျက်နှာမော့ကာခံယူပြီးမှ မျက်နှာတစ်ခုလုံးအား လက်နှင့်ပွတ်သပ်လိုက်သည်။
မျက်နှာကတဆင့်စီးကျလာသော ရေတွေသည် သွေးကြောစိမ်းများမြင်နေရသော လည်ပင်းတစ်လျှောက်မှ တဆင့် ပြေပြစ်သောခန္ဓာကိုယ်ထက်သို့ လှိမ့်ဆင်းလာသည်။
"အား......အခုမှပဲ.....
ပူလောင်နေတာတွေ သက်သာသွားတော့တယ်......"
ရေချိုးနေရင်းမှ မိုးထက်ပိုင်ထူးတစ်ယောက် ဝမ်းသားအားရနှင့် ရေရွတ်လိုက်သည်။ အေးမြသောရေရဲ့ အထိအတွေ့ကို တစ်ဝကြီးခံစားပြီးမှ ရေလဲပုဆိုးဝတ်...တဘတ်တစ်ထည်ကို ခေါင်းပေါ်တင်ကာ ပြန်ထွက်လာသည်။ ထွက်လာတော့မှ ချမ်းစိမ့်လာသော ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေကာ ခုန်ဆွခုန်ဆွနှင့်ပင် ကုတင်ဘေးနားသို့သွားလိုက်ပြီး ဗီရိုထဲတွင် ဝတ်ရမည့်အကျႌကို မွှေကာရှာနေလိုက်သည်။
"ဒေါက်......ဒေါက်......ဒေါက်......."
အကျႌယူကာဝတ်မည်အပြု တံခါးခေါက်သံကြားသဖြင့်
အကျႌကိုလက်ကကိုင်ရင်း တံခါးသွားဖွင့်လိုက်တော့....
မြင်လိုက်ရသူက ဧကမှူးပိုင်.....။
တစ်မနက်လုံးဝတ်ထားသော ဝတ်စုံမဟုတ်တော့ဘဲ
ရုပ်ပုံပါသောတီရှပ်နှင့် အစင်းကျားဘောင်းဘီရှည်တို့ကို လဲလှယ်ဝတ်ဆင်ထားသည်။
တံခါးရှေ့တောင့်တောင့်လေးရပ်နေသူအား မိုးထက်သည် အရပ်တန်းတူဖြစ်အောင် ခါးကိုငုံ့ကိုင်းလိုက်ပြီး....
"ဘာများအလိုရှိပါသလဲ....ခင်ဗျာ......"
စကားလည်းဆုံးရော....မနေနိုင်ဘဲ
ဧက၏ပါးနုနုလေးအား လက်သုံးချောင်းကို အသုံးပြု၍ ဖွဖွလေးဆွဲလိုက်သည်။ ဧကသည် မိုးထက်ပိုင်ထူးကို တအံတသြငေးကြည့်၍ အလျင်အမြန်ပင် ခြေလှမ်းဆုတ်လိုက်သည်။ ထို့အခါမှ မိုးထက်ပိုင်ထူး၏
မျက်နှာသည် အိုးတိုးအမ်းတမ်းဖြစ်သွားရကာ....
"အာ...ဧက...ဆောရီး.....ဆောရီး......
အကိုက အသည်းယားလာရင် စိတ်မထိန်းနိုင်လို့......"
ဧကသည် ဘာမှမပြော မိုးထက်ပိုင်ထူးကို မျက်လုံးအဝိုင်းသားနှင့်ငေးနေပြီး တိတ်ဆိတ်မြဲ၊ တိတ်ဆိတ်ဆဲ....။