Part 30(Unicode)
3K 205 1
ရေချိုးခန်းထဲရှိ ရေငွေ့နှင့်ဖုံးနေသောမှန်ပေါ်တွင် ပေါ်နေသောပုံရိပ်သည်ကား မသဲမကွဲ....။ မှန်ရှေ့ရပ်နေသော တစ်စုံတစ်ယောက်က လက်နှင့်ပွတ်ဆွဲလိုက်သောအခါ
ပိုမိုထင်ရှားလာသောပုံရိပ်သည် အသားဖြူဖြူနှင့် ချစ်စဖွယ်ကောင်လေးတစ်ယောက်....။ သူသည်
မှန်ထဲပေါ်နေသောပုံရိပ်ကို ကြည့်ရတာ အားမရ၍ထင်....
အနည်းငယ် ရှေ့သို့ကိုင်း၍ လက်နှစ်လုံးခန့်ရှိသော အကွာအဝေးရောက်မှ ဆတ်ခနဲရပ်လိုက်သည်။ ထို့နောက် မျက်လုံးနှစ်ဖက်ကို လက်နှင့်စမ်း၍.....
"ငါ....ဘယ်လောက်တောင် ငိုလိုက်တာလဲ....
ဖောင်းတာမှ တော်တော်ဖောင်းနေတယ်....."
မို့အစ်နေသော မျက်လုံးနှစ်ဖက်က လေထိုးထားသည့်နှယ်...
နဂိုကျယ်ဝန်းသော မျက်လုံးသည်ပင် အနည်းငယ်ကျဉ်းမြောင်း၍...
မျက်တောင်ရှည်တို့သည်ပင် ထက်ဝက်ခန့် အတွင်းသို့ဝင်နေလျှက်...။
ဧကသည် မှန်ထဲက သူ့ပုံရိပ်ကိုကြည့်ပြီး သက်ပြင်းချမိလေသည်။
ဘယ်နှစ်နှစ်ရှိပြီလဲ.....တစ်ခုခုဆို....
ငိုပဲငိုနေတတ်တဲ့အကျင့်က
အခုထက်ထိ မပြောင်းမလဲသေးဘူး.....
ကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိ၍ စာကြည့်စားပွဲထက်ဝင်ထိုင်ကာ စာလုပ်ရန်ပြင်လိုက်သည်။
တစ်နေ့ခင်းလုံးစာမလုပ်မိသည့်အဖြစ်သည်...ဆယ်တန်းနှစ်တွင်...ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ပင်ပန်းပြီး အိပ်ချင်နေသော်လည်း စာကျက်ရဦးမည်ဆိုတဲ့အတွေးကြောင့် အိပ်ရာထက်မလှဲနိုင်အောင် ဖြစ်နေသည်။
တစ်စတစ်စနီးလာသော စာမေးပွဲအား...သူများတွေကတော့
ဖြေရတော့မှာစိုး၍ စိုးရိမ်ကြမည်ဖြစ်သော်လည်း....
ဧကမှာတော့ စာမေးပွဲနီးလေ..ပျော်လေ....။ သူ့အနေဖြင့် တစ်နှစ်လုံး ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို တအားပင် လွှတ်ချချင်နေပြီဖြစ်သည်။
စာကြည့်နေရင်း နားမလည်သည့်ပုစ္ဆာကိုတွေ့တော့....
သတိရမိသည်က အမြဲတမ်းစိတ်ရှည်လက်ရှည်နှင့် မေးသမျှ မညည်းမညူဖြေကြားပေးခဲ့သော ကိုကို.....။
သတိရမိသည်နှင့်အတူ....ဝဲတက်လာသောမျက်ရည်တွေက
စာလုံးတွေမမြင်ရတော့သည်အထိ မှုန်ဝါးစွာ.....။