Part 37(Unicode)
2.5K 198 3
တိတ်ဆိတ်ငြိမ်သက်သော ဆိုင်လေးတစ်ဆိုင်၏ အတွင်းကျကျနေရာတွင် မိုးထက်ပိုင်ထူးနှင့်ပြာရောင်လဲ့တို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ပတ်ဝန်းကျင်တွင် လူတစ်ချို့၏စကားသံတို့အပြင် သီချင်းသံအချို့ကိုပါ
ခပ်တိုးတိုးကြားနေရသည်။
မိုးထက်သည် စားပွဲခုံပေါ်တွင်တင်ထားသော ပြာရောင်လဲ့၏လက်ရှည်ရှည်သွယ်သွယ်တို့ကို
ဆုပ်ကိုင်ထားသည်။
သူသည် မေးခွန်းတစ်ခုကို မေးသင့်၊မမေးသင့် စဉ်းစားနေခဲ့ရာမှ လေပူတို့ကိုမှုတ်ထုတ်ကာ အားတင်း၍
"တကယ်လို့....တကယ်လို့ပေါ့နော်.....
ကိုယ်သာတစ်ယောက်ယောက်ကို ချစ်နေမိတယ်ဆိုရင်
လဲ့ဘယ်လိုလုပ်မလဲ......"
ကျွန်တော်ဆုပ်ကိုင်ထားသော သူမရဲ့လက်တွေအေးစက်လာသည်ဟုပင် ထင်ရသည်။
လက်ချောင်းသွယ်လျလျတို့သည် အုပ်မိုးထားသော လက်တစ်စုံအောက်ကနေ ဖြည်းဖြည်းချင်း လျှောထွက်သွားသည်။
မျက်နှာကိုကြည့်မိတော့ လှပသောအပြာရောင် မျက်ဝန်းလေးများကိုပင် သေချာမမြင်ရ...။ စိတ်ခံစားချက်တွေ မပေါ်အောင် အောက်သို့ငုံ့ထားသည်ဟု ထင်ရသည်။
ပြာရောင်လဲ့သည် သူမ၏လက်ချောင်းလေးတွေကို အချင်းချင်းဆုပ်နယ်ပြီး ခဏလောက် စဉ်းစားနေသည်။
သူမမျက်နှာသည် အံ့သြခြင်းအလျဉ်းမရှိ...။ သို့သော် စိုးရိမ်ထိတ်လန့်နေခြင်းမျိုးတို့ ရှိနေသည်။
မမျှော်လင့်ထားသောမေးခွန်းကို ကြားရသည့်အခါ တစ်ချို့လူတွေက ဘာအတွက်ကြောင့် မေးသည်လဲဟု ပြန်၍ မေးခွန်းထုတ်ကြလိမ့်မည်။ သို့သော် ပြာရောင်လဲ့ကတော့
ပြန်မမေးသည့်အပြင် မေးခွန်းအတွက် အဖြေကို စဉ်းစားနေပုံရသည်။
မိုးထက်သည် ပြာရောင်လဲ့ကို စေ့စေ့ကြည့်နေမိသည်။ သူမဆီမှတုံ့ပြန်မှုတစ်စုံတစ်ရာကို စောင့်မျှော်နေခဲ့သည်။ ဒေါသထွက်မလား...၊ ဝမ်းနည်းပြီးငိုမလား...၊ ဒါမှမဟုတ်
ဘာစကားမှမပြောဘဲ ထွက်သွားလေမလား...အစရှိသဖြင့် ဖြစ်နိုင်ချေရှိတာတွေကို စဉ်းစားနေသည်။