Part 23
5.1K 409 74
"ကျွန်တော်နဲ့.....စကားခဏပြောလို့ရမလား......"
လွင်သစ်သွေးသည် သူ့ရှေ့မှာရပ်နေသော မိုးထက်ပိုင်ထူး၏မျက်နှာအား သေချာအကဲခတ်ကြည့်မိသည်။
ထိုကောင်လေးသည် လွင်သစ်သွေးအား တစ်စုံတစ်ရာကို
အရေးတကြီးပြောလိုဟန်ရှိသည်။ သူ၏မျက်လုံးထဲတွင် လွင်သစ်သွေးနှင့်စကားပြောရန် စိတ်အားထက်သန်မှုတွေကို
တွေ့ရသည်။ ထို့အပြင် လွင်သစ်သွေးဆီမှအဖြေကိုလည်း
တိတ်ဆိတ်ငြိမ်သက်ခြင်းပြုကာ ဂရုတစိုက် စောင့်စားနေသည်။
"ညီက ဧကတို့အိမ်ကမှတ်လား....
အကိုနဲ့ဘာပြောစရာရှိလို့လဲ..."
လွင်သစ်သွေးတစ်ယောက် စိတ်ထဲက စဉ်းစားနေခဲ့သည်။
တွေ့တာမကြာသေးသော လူတစ်ယောက်အနေနှင့် သူ့အားပြောစရာ ဘာစကားရှိသလဲဟု.....။ မိုးထက်ပိုင်ထူး၏ တည်ကြည်လေးနက်နေသော ပုံကြောင့်လည်း ပို၍
စဉ်းစားစရာဖြစ်နေခဲ့တာဖြစ်သည်။
မိုးထက်ပိုင်ထူးသည်လည်း လွင်သစ်သွေးတွေးသလို တွေးနေခဲ့သည်။ စိမ်းသက်နေသော အခြေအနေကို မနှစ်မြို့စွာ မိုးထက်၏ မျက်ခုံးတို့သည် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
မိုးထက်ပိုင်ထူးသည် လေပြင်းတစ်ချက်မှုတ်ထုတ်၍
"ဒီတိုင်းရပ်ပြီး ပြောနေရတာ အဆင်မပြေဘူး....
အကိုအားရင် ကျွန်တော်နဲ့တစ်နေရာကိုသွားရအောင်
ကျေးဇူးပြုပြီး......."
လွင်သစ်သွေးသည် ခေါင်းအသာအယာညိတ်လိုက်မိသည်။
ဘာမှန်းမသိပေမဲ့ မိုးထက်ပိုင်ထူး၏ထူးဆန်းနေသောပုံကြောင့်
သိချင်စိတ်ဖြစ်သွားရကာ စကားပြောရန် သဘောတူလိုက်ခြင်းဖြစ်သည်။
ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ လွင်သစ်သွေး၏ခြေလှမ်းတို့ရပ်တန့်သွားပါသည်။
သူသည် မိုးထက်ပိုင်ထူးအား နောက်လှည့်ကြည့်မိသည်။
စူးစမ်းနေဟန်ပေါ်သော မျက်လုံးတွေနှင့်ဆုံလိုက်ရသည့်တစ်ခဏ
ဘာကြောင့်မှန်းမသိ လွင်သစ်သွေး၏စိတ်ထဲ အေးစက်သွားရပါသည်။ တိုက်ဆိုင်တာလားတော့မသိ။ သူတို့လာသောဆိုင်သည် မြနှောင်းသာနှင့် တွေ့နေကျဆိုင်ဖြစ်နေခြင်းပင်....။
.
.
.
"အကို့နာမည်က........"