ဧကသည် စားပြီးသားပန်းကန်တွေအား ခဏထားပြီး
စာပြီးအောင်တွက်ပြီးမှ အောက်ဆင်းဆေးလိုက်မည်ဟု စဉ်းစားရင်းလုပ်စရာရှိတာ အရင်လုပ်နေသည်။ခဏကြာတော့ တံခါးသုံးချက်ဆင့်ခေါက်သံကို ကြားလိုက်ရသည်။
ဘယ်သူလဲမေးတော့ ဘာမှပြန်မဖြေ...။ ဧကစိတ်ထဲကနေသိလိုက်သည်။ တံခါးလာခေါက်သူသည်
မိုးထက်ပိုင်ထူးသာ ဖြစ်လိမ့်မည်ဟု....။တံခါးခေါက်သံထပ်မကြားတော့သည်နှင့်
စာထဲအာရုံပြန်ထည့်မည်လုပ်သောအချိန်တွင်
နောက်ထပ် တံခါးသံသုံးချက်ကို ကြားလိုက်ရသည်။ဒီတစ်ခါတော့ ဧကလည်း ဘာမှမမေးတော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်သည်။ ပြန်မပြောရင်
ထွက်သွားလိမ့်မည်ဟု ထင်ခဲ့သည်။သို့သော်....လေးငါးချက်ထက် မနည်းသော တံခါးခေါက်သံတွေကို ကြားရသည့်အချိန်တွင် စာလည်း အာရုံစိုက်လို့မရတော့သောကြောင့်....
အလိုမကျဖြစ်လာကာ အလျင်အမြန်ပင် တံခါးကို ဆွဲဖွင့်လိုက်တော့...မိုးထက်ပိုင်ထူး၏ တံခါးခေါက်မည့်လက်သည်
လေထဲမှာ ရပ်တန့်စွာ.....။တံခါးဖွင့်ဖွင့်ခြင်းပင် ဧက ကဆီး၍အော်လိုက်သည်။
"ဘယ်လိုဖြစ်လို့....ဒီလောက်ခေါက်နေရတာလဲ....."
မိုးထက်ပိုင်ထူးသည် တံခါးဘောင်ကိုမှီ၍ လက်ပိုက်ရပ်နေရင်း..ဖြေသည်။
"မင်းမှဘာမှမပြောတာ....."
"ဘယ်သူလဲမေးတော့....ခင်ဗျားကရောဖြေလား....."
"ဖြေရင်ရော တံခါးဖွင့်ပေးမှာမို့လို့လား......"
ဧကနှုတ်ဆိတ်နေသည်ကိုကြည့်ပြီး...မိုးထက်ပိုင်ထူးတစ်
ယောက်.အဖြေကိုသိလိုက်ပါပြီ....။ ဤမေးခွန်းသည် မေးစရာမလိုသောမေးခွန်း...။ဧကသည် ကျွန်တော့ကို ကြည့်လို့ရမည်မဟုတ်....။
အနားသွားတိုင်း ခဏခဏမောင်းထုတ်နေတာ...
ကျွန်တော်လည်း ဒီကလေးနဲ့ကျမှ အမှတ်မရှိတဲ့ကောင်လုံးလုံး
ဖြစ်ရောပဲ.....။"ကဲပါ.....မဖြေနဲ့တော့...အကိုက
ထမင်းပန်းကန်တွေလာသိမ်းပေးတာ....
အောက်မဆင်းလာတာ ကြာနေပြီမို့ အခန်းထဲမှာ
ဟင်းအနံတွေနဲ့ လှိုင်နေမှာစိုးလို့လေ..."
ВЫ ЧИТАЕТЕ
Любовные романы(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းကရော ဆုံနိုင်ဖို့ ဖြစ်နိုင်ပါ့မလား........... Own creation (Unicode) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အ...