Part 27(Unicode)
2.5K 187 0
မြနှောင်းသာ၏မျက်နှာသည် သိသိသာသာကို ဖျော့တော့ညှိုးငယ်နေလျှက်...။
သူမစကားအရ...
သူမကိုယ်တိုင်ပင် လွင်သစ်သွေးထွက်သွားအောင် လုပ်ခဲ့သော်လည်း အကြံအတိုင်းဖြစ်မြောက်လို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်ပုံမပေါ်...။ တစ်စုံတစ်ခုလုပ်ပြီးတိုင်း သူမကိုယ်သူမ အပြစ်တင်နေသလို
တွေတွေလေးငေးငိုင်နေသော မျက်နှာက မြင်ရသူစိတ်မချမ်းသာအောင် ရှိနေသည်။
မိုးထက်ပိုင်ထူးသည် အစ်မဖြစ်သူ၏ပုံစံကိုကြည့်ပြီး
သက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်ကိုတစ်ထစ်လျှော့လိုက်ပြီး...
"မမ......."
မိုးထက်ပိုင်ထူး၏ ခပ်တိုးတိုးခေါ်သံအား မြနှောင်းသာသည်
အရေးတယူမပြု...ကြမ်းပြင်ကိုသာ စိုက်ကြည့်နေလျှက်....။
"မမနဲ့သူ့ကြားမှာ ဘာတွေရှိလဲဆိုတာ
ကျွန်တော်မသိပေမဲ့..အခုလုပ်နေတာတွေကို
မမကိုယ်တိုင်လည်း မနှစ်မြို့ဘူးမှတ်လား....
ဘာလို့ ကိုယ့်ဘာသာ ဒုက္ခပေးနေရတာလဲ....
ဘယ်သူ့ကိုမှမပြောဘဲ တစ်ယောက်တည်း
ကြံစည်နေရတာ...ခက်ခဲတယ်မလား....
ဒီလိုနဲ့ တဖြည်းဖြည်း....မမဘေးမှာ...တစ်ခြားသူမပြောနဲ့
ကျွန်တော်ရှိနိုင်ဖို့တောင် မသေချာတော့ဘူး...
ဖြစ်လာမှာ..."
မြနှောင်းသာသည် မိုးထက်ပိုင်ထူးအား
မျက်ရည်ဝိုင်းသောမျက်လုံးတို့ဖြင့် ကြည့်လာသည်။
မိုးထက်ပိုင်ထူးသည် မြနှောင်းသာ၏လက်နှစ်ဖက်အား
ခပ်ဖွဖွဆွဲယူလိုက်ပြီး.....
"မမရော......ကျွန်တော်ရော
ဘယ်သူမှ အဲ့လိုမဖြစ်ချင်ဘူးလေ....
လူတစ်ယောက် ဒုက္ခမရောက်အောင်
ကာကွယ်ရမှာ တားဆီးရမှာ ကျွန်တော့တာဝန်ပဲ....
အဲ့ထဲမှာမှ မမက ကျွန်တော့အစ်မ...ကျွန်တော့ရဲ့
တစ်ဦးတည်းသော သွေးသားရင်း....
မမဘာမှမဖြစ်အောင် ကာကွယ်ရမှာ
ကျွန်တော့အတွက် အရေးကြီးဆုံးပဲ...မမလုပ်သမျှ
ကျွန်တော်သိထားမှ တစ်ခုခုဆို
မမဘက်ကနေ ကျွန်တော်နေပေးလို့ရမှာ...
အဲ့တာကြောင့်မို့လို့...မမဘာတွေလုပ်နေတယ်...
ဘာတွေဖြစ်နေတယ်ဆိုတာ..ကျွန်တော့ကိုပြောပါ..."
မိုးထက်ပိုင်ထူးသည် သိလိုစိတ်ပြင်းပြသော မျက်ဝန်းတို့ဖြင့် မြနှောင်းသာအား စူးစိုက်ကြည့်နေလေသည်။ မောင်နှမနှစ်ယောက်လုံးသည် တစ်ခဏမျှကြာအောင် ဘာစကားမှမပြောဘဲ တစ်ယောက်နှင့်တစ်ယောက်
မျက်တောင်မလွှဲကြည့်နေကြပြီးမှ မြနှောင်းသာသည်
လေပူတို့ကို ကြာရှည်စွာ မှုတ်ထုတ်လိုက်ပြီး မိုးထက်ကိုကြည့်ကာ ခေါင်းညိတ်၍....