Part 14 (Unicode)
3.1K 230 5
အပြင်အဆင်သပ်ရပ်သန့်ရှင်းသော ဆိုင်တစ်ဆိုင်၏ ချောင်ကျကျအတွင်းဘက်တစ်နေရာတွင် မြနှောင်းသာနှင့် လွင်သစ်သွေးတို့ ထိုင်နေကြသည်။ သူတို့လာသောအချိန်သည် နေ့ခင်းဘက်ထမင်းစားချိန်ဖြစ်နေ၍ ဆိုင်ထဲတွင် လူအတန်အသင့်ရှိနေသော်လည်း မွန်းကြပ်လောက်အောင်တော့မများ....။
ဆိုင်အတွင်းဘက်ပတ်ဝန်းကျင်သည် လာရောက်စားသုံးသူများ၏
စကားသံတွေကြောင့် တိတ်ဆိတ်နေခြင်းမရှိသော်လည်း ထိုကဲ့သို့ဖြစ်နေခြင်းက မြနှောင်းသာတို့ စကားပြောဆိုရန်အတွက် အဆင်ပြေနေပြန်သည်။
"သွေး......တစ်ခုခုမှာ......"
Menu Cardကိုကြည့်ရင်း အလုပ်များနေသော လွင်သစ်သွေးအား မြနှောင်းသာ အကဲခတ်ကြည့်မိသည်။ သူ့ရှေ့တွင်ထိုင်နေသောကောင်လေးသည် ဖွာလန်ကြဲသော ဆံပင်တွေနှင့် ခပ်ကြောင်ကြောင်အရုပ်တွေပါသော တီရှပ်နှင့်
ပြဲရာတွေပါသော ဂျင်းဘောင်းဘီကြပ်ကြပ်ကိုမှ ဝတ်ဆင်တတ်သောကောင်လေးမှ ဟုတ်ရဲ့လားဟု သူမတွေးတောနေမိသည်။
သူ့ကိုယ်သူဆေးကျောင်းသားပါဟု ပြောလာသည့်အချိန်တုန်းက အယုံအကြည်မရှိခဲ့ဖူးသူ မြနှောင်းသာသည် ထိုအချိန်ကသာ ယခုပုံစံနှင့်လွင်သစ်သွေးကို မြင်ရမည်ဆိုလျှင် ဘာသက်သေမှ မလိုဘဲနှင့်ကို ယုံကြည်မိမည်ဖြစ်သည်။
"မနှောင်းရော.....ဘာမှာဦးမလဲ......"
"သံပုရာရည်တစ်ခွက်...."
လွင်သစ်သွေးသည် ဘေးတွင်ရပ်စောင့်နေသောကောင်လေးအား ခေါင်းညိတ်ပြလိုက်ပြီး မှာထားတာတွေ လုပ်ခိုင်းလိုက်သည်။
"နင်အရင်အလုပ် လုပ်နေသေးလား......"
မြနှောင်းသာ၏အမေးစကားကြောင့် တစ်သျှူးစကိုကိုင်ကာ စားပွဲခုံကိုသုတ်ရင်း အလုပ်များနေသည့် လွင်သစ်သွေး၏လက်များ
ရပ်တန့်သွားသည်။ ထို့နောက် မျက်မှန်ကိုင်းကို နှာတံပေါ် နေရာတကျဖြစ်အောင်လုပ်ရင်း နှစ်ယောက်ကြားလောက်သော
လေသံနှင့်ပြောလိုက်သည်။
"မလုပ်တော့ဘူး......မနှောင်းပျောက်သွားပြီးကတည်းက
ကျွန်တော်ဆေးကျောင်းကလည်းထွက်ပြီး စာပဲသင်နေတာ...."