Part 36(Unicode)
2.6K 196 7
မြနှောင်းသာသည် မှန်ထဲတွင်ပေါ်နေသော သူမပုံရိပ်ကိုကြည့်မိသည်။ ညိုရောင်သမ်းနေသော မျက်ဝန်းတစ်ခုသည် အိပ်ပျက်ညတွေ ဘယ်လောက်များနေပြီဆိုတာကို ပြောပြနေသည်။
နဂိုပြည့်သောမျက်နှာသည်ပင် ချောင်ကျနေလျှက်...
ပိန်ပိန်ပါးပါးခန္ဓာကိုယ်က အရင်တုန်းက ငယ်ရွယ်နုပျိုလှပခဲ့သော သူမ မဟုတ်တော့သလိုပင်....။ ခြံငုံသုံးသပ်ရလျှင် သူမ၏ရုပ်သွင်သည် ရောဂါသည်တစ်ယောက်နှင့် ဆင်တူနေလေသည်။
ပွယောင်းနေသောဆံပင်တွေကို ဘီးနှင့်သပ်ရပ်အောင်ဖြီးသင်၍
အခန်းပြင်သို့ထွက်ခဲ့သည်။ သူမထွက်လာတော့ ပြည့်စုံထွန်းလင်းသည်  ဧည့်ခန်းနံရံပေါ်က မိသားစုဓာတ်ပုံကို
ရပ်ငေးကြည့်နေသည်ကိုတွေ့ရသည်။ဓာတ်ပုံပေါ်သို့ လက်ညှိုးနှင့် ဖွဖွပွတ်ဆွဲပြီး သက်ပြင်းအချို့ ရှိုက်ချလိုက်သည်ကိုလည်း တွေ့ရသည်။ သူမသည်ပင် ပြည့်စုံထွန်းလင်းနည်းတူ ပြုမူလိုက်မိသည်။
မိဘနှစ်ပါးလုံးမရှိတော့သည့်ခံစားချက်ကို မြနှောင်းသာတစ်ယောက် ကောင်းကောင်းနားလည်ပါသည်။ ဦးထွန်းဟိန်းမရှိတော့သည့် နောက် မြနှောင်းသာ၏အမုန်းတရားတွေသည် တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ဤသည်မှာ သူမချစ်သောသူ၏ စိတ်ဆင်းရဲမှုနှင့် လဲလှယ်ခဲ့ရ၍ ဖြစ်လိမ့်မည်။ အခုအချိန်တွင် မြနှောင်းသာတစ်ယောက် ဘယ်သူကိုမှ ဒုက္ခမပေးချင်တော့ပေ...။
လွင်သစ်သွေးပြောခဲ့သော စကားကို ပြန်သတိရမိသည်။
မဆိုင်တဲ့သူတွေကို ဒုက္ခမပေးပါနဲ့တဲ့.....
အခုချိန်တွင် သူပြောခဲ့သောစကားကို သူမနားထောင်နေတယ်ဆိုတာသာ
သိရရင် သူဝမ်းသာနေမလား....။
လွင်သစ်သွေးရဲ့မျက်နှာကို မြင်ယောင်လာမိပြီးနောက် တစ်ဆက်တည်းအတွေးထဲတွင် ပေါ်လာမိသည်က သွေးရဲ့ဖွင့်ဟဝန်ခံချက်နှင့် ပျက်စီးယိုယွင်းနေခဲ့သော သူ့ရဲ့အမူအရာ....။ ထိုနေ့က သူမစိတ်ထဲ အြံ့သမှုတွေနှင့်အတူ ဝမ်းနည်းမှုတွေ ရောယှက်လာသည်။ မောင်လေးတစ်ယောက်လို ခင်မင်ခဲ့ရသော ကောင်လေးသည် သူမအပေါ် ခံစားချက်တို့ ရှိနေခဲ့သည်။