Part 40(Unicode)
3K 180 1
ခြေဦးတည့်ရာလျှောက်လာခဲ့သည့်နေရာက နောက်ဆုံးကျတော့ ထူးသစ်စအိမ်ရှေ့ဖြစ်နေသည်။ ခြံထောင့်က ခပ်မှိန်မှိန်ထွန်းထားသော မီးဝါဝါကလွဲရင် တစ်အိမ်လုံး အမှောင်ဖုံးနေလျှက်....။
လူခေါ်ဘဲလ်ကိုနှိပ်ဖို့ ရွယ်လိုက်သည်။
ထိခါနီးအချိန်တွင် ရပ်တန့်သွားသောလက်သည် သစ်စကို စိတ်ဒုက္ခထပ်မပေးဖို့ ရည်ရွယ်သည်။ နောက်ပြန်လှည့်တော့မည့် ခြေလှမ်းတွေသည် ရုတ်တရက်လင်းလာသော မီးထိန်ထိန်တို့ကြောင့် ရပ်တန့်သွားရပြန်သည်။
ထို့နောက် လူရိပ်တစ်ခုတွေ့လိုက်ရသည်။ အိမ်ပေါက်ဝထိ ထွက်လာသူကား ထူးသစ်စပါပင်....။ သူသည် အိမ်ရှေ့ကို သတိထားကြည့်လိုက်တော့ မိုးထက်ကိုတွေ့သွားသည်။ထို့ကြောင့် တံခါးသော့ယူ၍ ကပျာကယာနှင့် အိမ်ရှေ့ထွက်လာသည်။
"မိုးထက်......မင်းတကယ်ရောက်လာတာပဲ....
လာ....အိမ်ထဲဝင်....."
ထူးသစ်စ စကားအရ မိုးထက်ရောက်လာမည်ဆိုတာကို ကြိုသိထားသည့်ပုံပါပင်....။ အိမ်ထဲသို့ လေးပင်သောခြေလှမ်းများနှင့် ဝင်လိုက်ပြီး...ဆိုဖာထက် ခေါင်းမှီထိုင်လိုက်သည်။
ထူးသစ်စသည်လည်း မိုးထက်ဘေးနားဝင်ထိုင်၍ အခုမှမျက်နှာကို သေချာကြည့်မိတော့ ဘယ်ဘက်နှုတ်ခမ်းထောင့်နားတွင် သွေးစို့ဒဏ်ရာတစ်ခုကိုတွေ့လိုက်ရသည်။ ထို့ကြောင့် ဆေးထည့်ထားသည့်ဘူး ကို အမြန်သွားယူလာကာ..
ဂွမ်းစနှင့်အရက်ပြန်ပုလင်းကိုစွတ်ပြီး ဒဏ်ရာကိုသန့်စင်ပေးရန်
လက်လှမ်းရင်း.....
"ငါ့ကိုမင်းအမ ဖုန်းဆက်တယ်....
မင်းအိမ်ကထွက်သွားလို့တဲ့...အကယ်၍များ ငါ့ဆီရောက်လာရင် ခေါ်ထားပေးပါလို့ပြောတယ်...
မင်းအမအသံက သိပ်မကောင်းဘူးကွ...
ငါမေးတာဘာမှမပြောဘူး...ဘာဖြစ်ကြတာလဲ....."
မိုးထက်သည် ဒဏ်ရာကိုလက်နှင့်ကာလိုက်သောကြောင့် ထူးသစ်စလက်မှာလည်း ဆက်ထိဖို့ရွံ့သွားသည်။ သူသည် နာတာသက်သာအောင် လေဖြင့်ဖြည်းဖြည်းချင်းမှုတ်ပေးရင်း
ဆေးထည့်၊ ဆေးလိမ်းစသည်တို့ကို တစ်ဆင့်ချင်းစီ လုပ်ပေးလိုက်သည်။ အားလုံးပြီးစီးသွားသည့်အချိန်အထိ မိုးထက်က ဘာမှမပြော...ကြမ်းပြင်ကို စိုက်ကြည့်ကာ ငိုင်နေလေသည်။