Thingyan Special❤
8.1K 343 17
မနက်စာထမင်းဝိုင်းတွင်ဖြစ်သည်။
"နော်.....ကိုကိုကြီးရာ...
တစ်နှစ်မှတစ်ခါပဲကို...သားတစ်ခါမှ သင်္ကြန်မလည်ဖူးဘူးလေ...
မနက်ဖြန်ပဲ သင်္ကြန်နောက်ဆုံးနေ့ရောက်နေပြီ...
အခုထိ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရသေးတဲ့ဟာ...
နောက်ဆုံးနေ့ တစ်ရက်လေးတော့ သူငယ်ချင်းတွေနဲ့ လည်ချင်တာပေါ့..."
အကိုဖြစ်သူအား သူငယ်ချင်းတွေနှင့်အတူ သင်္ကြန်လည်ရရေးအတွက် ပူဆာနေသူဧက...။ ဧက၏စကားကို အရေးမလုပ်သူက နှစ်ယောက်ရှိ၍ အလေးထားသူက တစ်ယောက်ရှိသည်။
"သားတို့ရယ်....ဧကလေးလည်း...
ဟိုးငယ်ငယ်လေးတည်းက သင်္ကြန်ဆိုတာကို ကြားဖူးနားဝလိုပဲရှိခဲ့တာ...ရေပက်ခံလည်းမထွက်ဖူး...
ရေလည်းမကစားဖူးနဲ့...
အခုတက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်နေပြီပဲ...
သူလည်း သင်္ကြန်ကို သူငယ်ချင်းတွေနဲ့လည်ချင်ရှာမှာပေါ့..
ခွင့်ပြုပေးလိုက်ကြပါ...."
ထိုစဉ် မိုးထက်သည် ထမင်းငုံ့စားနေရာမှ ခေါင်းထောင်ကြည့်၍
"ဒေါ်လုံးက ဘာမှလည်းမသိဘဲနဲ့....
အပြင်ကိုလည်းကြည့်လိုက်ဦး...နေပြင်းကပြင်းနဲ့...
နေပူထဲမှာ ရေစိုကြီးနဲ့ ဖျားနာရင် ဧကပဲ ဒုက္ခရောက်မှာ...
ပြီးတော့...ရေတွေကလည်း ဘာရေတွေမှန်းမသိနဲ့
မသန့်ရှင်းတဲ့ရေတွေနဲ့ထိမိလို့ အရေပြား အနာတရဖြစ်ရင် ဘယ်လိုလုပ်မလဲ...ဧကအသားအရည်က နုနုလေး...
ကျွန်တော်ပြောတာ မဟုတ်ဘူးလား အကိုပြည့်စုံရာ..."
ပြည့်စုံထွန်းလင်းမှာ မတက်သာ၍ ခေါင်းညိတ်ထောက်ခံရသလို ခေါင်းဖြည်းဖြည်းချင်းညိတ်၍ ဧကကိုကြည့်ကာ တပြုံးပြုံး။ ပြည့်စုံထွန်းလင်းက ဧကစိတ်တိုင်းကျ ပျော်ခွင့်ပေးချင်ပေမဲ့ အစိုးရိမ်လွန်နေသော မိုးထက်ကလည်း ကာဆီးနေတာကြောင့် ခဏငြိမ်၍သာ နားထောင်နေလိုက်သည်။
ဧက ကတော့ မိုးထက်ကို မကျေမနပ်ကြည့်၍ မျက်နှာရှုံ့မဲ့နေလေပြီ။
"ကိုထက်....ကျွန်တော်က ကိုကိုကြီးကိုပြောနေတာ...
ကိုကိုကြီးရော ဒေါ်လုံးရောက ခွင့်ပြုတော့မယ့်ဟာကို ကိုထက်က ကဖျက်ယဖျက်လုပ်နေတယ်...