Part 28(Unicode)
2.5K 193 3
အဒေါ်ဖြစ်သူခေါ်လာတဲ့နေရာက မြနှောင်းသာတို့နေထိုင်ခဲ့သောအိမ်မဟုတ်....၊
ငယ်ငယ်တုန်းက တစ်ခေါက်လောက်သာ ရောက်ခဲ့ဖူးသော
အဒေါ့်ရဲ့အိမ်ဖြစ်သည်။ နှစ်ထပ်တိုက်အိမ်က အရင်လို မွဲပြာပြာအရောင်မဟုတ်ဘဲ သစ်လွင်တောက်ပနေလျှက်....။
မြနှောင်းသာသည် ခြံရှေ့၌ရပ်ကြည့်နေမိပြီး သူမအနားရောက်လာသော အဒေါ်ဖြစ်သူအား.....
"အိမ်ရော.....သမီးတို့အိမ်ရော....
အိမ်ကိုပြန်ပို့ပေးမယ် ထင်နေတာ....."
"နင်တို့အိမ်ကရောင်းလိုက်ပြီ....."
အဒေါ်သည် သူမရဲ့စကားကို ခြံတံခါးအားဆောင့်ကြီးအောင့်ကြီး
ဖွင့်နေရင်းမှ ပြန်ဖြေသည်။
"ရောင်းလိုက်ပြီ......"
သူမဆီမှ ခပ်တိုးတိုးရေရွတ်သံ ထွက်လာပြီးနောက်......
"မရောင်းရင် ဘယ်လိုလုပ်မလဲ.....
နင့်အဖေသူများဆီက ကျောက်တွေယူထားတာ...
ဘယ်မှာသွားသုံးဖြုန်းလိုက်လဲမသိဘူးလေ...
အစလေးတစ်စတောင် မတွေ့ရဘူး...နင်တို့သစ်စက်ကလည်း မီးလောင်တော့...အမှုဖြစ်ပြီး ငါတို့တော်တော် ရှင်းလိုက်ရသေးတယ်..
အလုပ်လက်မဲ့ဖြစ်သွားတဲ့
သစ်စက်က အလုပ်သမားတွေကိုလည်း လျော်ကြေးပေးရမယ်...
ပျောက်သွားတဲ့ကျောက်တွေအတွက် လျော်ကြေးပေးရမှာတွေရော..
ကဲ....ဘယ်ပိုက်ဆံနဲ့သွားပေးမလဲ...အဲ့တော့...
ရောင်းရတော့တာပေါ့...."
အဒေါ့်ရဲ့စကားအဆုံးမှာ သူမလက်ထဲသို့ အထုပ်တစ်ထုပ်ရောက်လာသည်။ ဆေးရုံမှာနေခဲ့စဉ်တုန်းက သူမဝတ်ခဲ့သော အဝတ်အစား၊ အသုံးအဆောင်အိတ်...။
ဘယ်လောက်မှမကြီးသော.အထုပ်ဖြစ်သော်ငြား သယ်မထားရသော သူမလက်တို့သည် တုန်ယင်နေစွာဖြင့်.....။
* ငါတို့မှာ ဘာမှမရှိတော့ဘူးဘဲ....
အိမ်ရော.....မိဘတွေရော......*
အဒေါ်ဖြစ်သူရဲ့နောက်က လိုက်ဝင်လာခဲ့သည်။ အိမ်ထဲသို့ ခြေလှမ်းနေတုန်းမှာပင် မြင်ရသောမြင်ကွင်းက သူမရင်အား ဆို့နင့်စေစွာ.....။
မြနှောင်းသာသည် လူတွေအား တစ်ခါမြင်ဖူးရုံနှင့် မှတ်မိသောဉာဏ်ရှိသည်။ အိမ်လျှောက်လမ်းဘေးရှိ ချထားသောခုံပေါ်တွင် ထိုင်နေသောလူကြီးမှာ သူမအမှတ်မမှားဘူးဆိုလျှင် အဒေါ့်ရဲ့ယောကျ်ားပင် ဖြစ်ရမည်။