Part 24
5.2K 420 111
မြနှောင်းသာသည် အိမ်ထဲဝင်လာသော လွင်သစ်သွေးကို တွေ့သည်နှင့် မျက်ခုံးတို့တွန့်ချိုးသွားရသည်။ လွင်သစ်သွေးသည် သူမပြောသည်ကို လုံးဝနားမထောင်...။
လေပြေနှင့် ခြိမ်းခြောက်ဟန်ပြုခဲ့သည်ကိုလည်း မကြောက်ရွံသည့်အပြင် ဧကကိုစာသင်ဖို့တာဝန်ကို ပျက်ကွက်ခြင်းမရှိဘဲ အိမ်လာနေဆဲ
ဖြစ်နေသည်က သူမကိုဒေါသထွက်စေသည်။
အရင်တုန်းက သူမပြောသမျှ ခေါင်းညိတ်လက်ခံခဲ့သော လွင်သစ်သွေးမဟုတ်တော့ပါချေ....။ အပြင်ပန်းပုံစံနှင့်အတူ
နာခံချင်စိတ်တွေလည်း.ပြောင်းလဲသွားပြီ ထင်သည်။
လွင်သစ်သွေးသည် မြနှောင်းသာနှင့် မျက်လုံးတစ်ချက်သာ ဆုံကြည့်ပြီးသည်နှင့် အပေါ်ထပ်သို့တက်သွားသည်။ သူ၏အမူအရာသည် မြနှောင်းသာကိုတွေ့တာတောင် စိုးရိမ်ဟန်မရှိဘဲ အေးဆေးတည်ငြိမ်နေလျှက်.....။
မြနှောင်းသာသည် လွင်သစ်သွေး၏နောက်ကျောကိုကြည့်နေရင်း
စိတ်တွင်းမှ ရေရွတ်မိသည်။
*သွေး......နင်ငါ့ကို
ရွေးချယ်စရာမရှိအောင် လုပ်နေတယ်ပေါ့......*
ရေရွတ်သံနှင့်အပြိုင် သူမသက်ပြင်းအချို့ကိုလည်း ချမိသေးသည်။
.
.
.
.
.
လွင်သစ်သွေးသည် ဧကအခန်းရှေ့ရောက်တော့ တံခါးခေါက်ဖို့်ပြင်လိုက်သည်။ ပွင့်လာသောတံခါးနောက်ရှိ ကောင်လေးက သူ့အားပြုံးပြနေသည်။ ဦးခေါင်းလေးထက်သို့
ဖွဖွပုတ်ပေးတော့ မျက်နှာလေးကပို၍ပြုံးရွှင်လာကာ လွင်သစ်သွေး၏ ပခုံးထက်တွင်လွယ်ထားသော လွယ်အိတ်ကို ဆွဲယူလာသည်။
"ကိုကိုက အချိန်မှန်ပဲနော်.....
အချိန်ကွက်တိရောက်လို့ အခန်းတံခါးဖွင့်လိုက်တာနဲ့
ကိုကိုရောက်နေပြီ......"
"အကို အချိန်မှန်တာမဟုတ်ပါဘူး.....
ဧကလေးက ခြေသံကိုနားစွင့်နေလို့ မဟုတ်ဘူးလား...
အဲ့တာကြောင့် တံခါးမခေါက်ခင် ဖွင့်ပေးနိုင်တာပေါ့....."
လွင်သစ်သွေးက ပြုံးစစနှင့်ပြောတော့
ဧကသည် သွားလေးစိကာ ရယ်ပြသည်။
မနှောင်းရဲ့စကားကို လျစ်လျူရှုထားနိုင်တာ ဒီကလေးကြောင့်ပါပင်.....။ ညီငယ်လေးအစားရသလို ခံစားရပါသည်။ သံယောဇဉ်ဖြစ်ပြီးကာမှ ထွက်သွားရမှာကို
ကျွန်တော်လက်မခံနိုင်....။ ထွက်သွားရင်တောင် ကျွန်တော်လုပ်ပေးရမဲ့ တာဝန်ပြီးမှ ထွက်သွားနိုင်မှာ....။