Part 3(Unicode)
6.6K 427 6
ဖေဖေ့မိန်းမကို မမြင်ချင်၍ မနက်အစောကြီးကတည်းက
အိမ်ကထွက်လာခဲ့သော်လည်း တစ်ယောက်ထဲ ကျန်နေခဲ့ရှာမည့် ညီဖြစ်သူ၏မျက်နှာကို မြင်မိတော့ ပြည့်စုံထွန်းလင်းတစ်ယောက် အိမ်သို့သာ ပြန်လာခဲ့ရတော့သည်။
ဖေဖေ့ကို မျက်နှာချင်းမဆိုင်ချင်သလို မိထွေးအသစ်ကိုလည်း လုံးဝမတွေ့ချင်ပါ။ သို့သော်
မိမိ၏ညီဖြစ်သူ ဧကမှူးပိုင်နှင့် ယှဉ်လာလျှင်တော့ ထိုအရာတွေသည် အသေးအဖွဲ့မျှသာ ဖြစ်သည်။
အကြီးဆုံးဖြစ်သည့် မိမိက ရှောင်ပြေးမနေသင့်ဘဲ အငယ်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးသင့်သည် မဟုတ်ပါလား....။
အိမ်ရှေ့ဖိနပ်ချွတ်မှာ တွေ့ရတဲ့ ဖိနပ်တွေကြောင့် မိမိမမြင်ချင်သောသူများ ရောက်နေပြီဆိုတာကို သိလိုက်သည်။
ဧည့်ခန်းရှေ့တွင် အထဲသို့မဝင်သေးဘဲ အပြင်ဘက်ကနေ ချောင်းနေသော ညီဖြစ်သူကို တွေ့လိုက်ရသည်။
မမြင်ချင်ပေမဲ့လည်း အဲ့ဒီ့မိန်းမက မေမေ့ထက် ဘယ်လောက်သာနေလို့ ဖေဖေယူဖို့အထိ ဆုံးဖြတ်လိုက်တာလဲဆိုတာကို သိချင်မိသည့်အတွက် ဖေဖေတို့ရှိရာဆီသို့ ညီလေးရှေ့မှ ဖြတ်ကျော်ကာ ဧည့်ခန်းတွင်းသို့ ဝင်သွားလိုက်သည်။
ထိုအခါ တွေ့လိုက်ရသောသူကြောင့်
ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘဲ အံ့ဩမိသွားသည်။
*သူမ.....သူမက ဘယ်လိုဖြစ်ပြီး...
ဖေဖေ့ဘေးမှာ......*
"နှောင်း........"
အကြီးအကျယ်အံ့ဩပြီး ထိတ်လန့်သွားသည်က ပြည့်စုံထွန်းလင်းသာ....သူမကတော့ မိမိကိုတွေ့တာတောင် မျက်နှာမှာ အံ့ဩခြင်း အရိပ်အယောင် လုံးဝမရှိ.....။
ပြည့်စုံထွန်းလင်းကိုတွေ့တော့ ဦးထွန်းဟိန်းက...
"အော်.....သားကြီးရောက်လာပြီကိုး.....
မိတ်ဆက်ပေးရဦးမယ်...ဒါဖေဖေ့ရဲ့ဇနီးလေ...
မြနှောင်းသာတဲ့.....နှုတ်ဆက်လိုက်ပါဦး...."
ရယ်ကာမောကာနှင့် ပြောနေသော ဖေဖေ့မျက်နှာက
ကျွန်တော့ကို အရွဲ့တိုက်နေသလားဘဲ....။
နှုတ်ဆက်ရမယ်....အဲ့လောက်လွယ်သလား...ဖေဖေ....။