Part 11(Unicode)
3.7K 273 0
မိုးထက်ပိုင်ထူးပြန်လာသည့်အချိန်က အတော်လေးညဉ့်နက်နေပြီထင်...။ဧကအခန်းဆီ မော့ကြည့်လိုက်တော့ မီးလင်းနေတတ်တဲ့အခန်းက အမှောင်ကျပြီး တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေလျှက်.....။
နာရီကိုကြည့်လိုက်တော့ ဆယ့်နှစ်ခွဲ.....။
လမ်းဘေးက ခွေးဟောင်သံအချို့ကြားပြီး ချယ်ရီလေးအကြောင်းတွေးမိသေးသည်။
မိုးထက်ပြန်လာရင် ကြိုတတ်တဲ့ ချစ်စရာခွေးလေးကို
ယနေ့ညတွင် မတွေ့ရတော့....။
မိုးထက်တောင် စိတ်မကောင်းဖြစ်မိတယ်ဆို....
အချိန်တွေအကြာကြီး အတူနေလာသူ ဧကမှာ ပိုဆိုးလိမ့်မည်။
ရေသောက်အမောဖြေပြီး အပေါ်ထပ်တက်..ဧကအခန်းရှေ့အရောက်......
"ချယ်ရီ........."
ညည်းသံသဲ့သဲ့က တိုးလွန်းလှသော်လည်း ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည်မို့ ဧကအခန်းရှေ့တွင်
မိုးထက်ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။
"ငါကြားလိုက်တာသေချာပါတယ်......."
တံခါးနား ခေါင်းတခြမ်းအပ်ရင်း တိတ်တဆိတ်ရေရွတ်နေသော
မိုးထက်ပိုင်ထူးသည် ဧကတစ်ခုခုဖြစ်နေမည်ကို စိုးရိမ်မိ၍
အခန်းထဲဝင်ရန် တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်သော်လည်း မရ.....။
စိတ်လျှော့ပြီး မိမိအခန်းထဲဝင် လွယ်အိတ်ပစ်ချကာ နားမည်လုပ်မှ နောက်တစ်ခေါက် အသံထပ်ကြားလိုက်ရသောကြောင့် အတွေးထဲဝင်လာသည်က ဝရန်တာ.....။
ဧကအခန်းနှင့်မိုးထက်အခန်းတို့တွင် ရှိနေသော ဝရန်တာနှစ်ခုက ကူးချည်သန်းချည်လုပ်လို့ရသည်အထိ နီးကပ်နေသောကြောင့် မိုးထက်မစဉ်းစားတော့ဘဲ ဝရန်တာကနေ ဧကအခန်းဆီသို့ ကျော်ဝင်လိုက်သည်။
ကံကောင်းထောက်မ၍ ဝရန်တာကနေတဆင့် အခန်းထဲဝင်သောတံခါးမှာ ဂျက်မချထား၍ တော်သေးသည်။
အခန်းထဲခြေလှမ်းချပြီးမှ ဧကနိုးလာရင် သူ့အခန်းထဲကျော်ဝင်လာသော မိုးထက်ပိုင်ထူးကိုတွေ့ကာ ဒေါသများထွက်လေမလားဟု တွေးမိတော့မှ မိုးထက်မှာ
ရှေ့ဘဲဆက်တိုးရမလို ၊ ပြန်ပြေးရမလို ဖြစ်သွားမိသည်။