Part 38(Unicode)
2.7K 216 9
"နောက်ဆုံးအနေနဲ့ ပြောချင်တာက....
ကိုယ့်ကိုယ့်ကိုယ် အပြစ်မတင်ပါနဲ့....
အမှားလုပ်တာ ကိုမဟုတ်ဘူး....
မမြင်ရတဲ့နှလုံးသား ခံစားချက်တွေပါ....
အဲ့တာကြောင့် လဲ့စွန့်လွှတ်ခဲ့တာနဲ့တန်အောင်
ကိုကပျော်ပျော်နေပေးပါ......"
မိုးထက်ပိုင်ထူးသည် ပြာရောင်လဲ့ပြောဆိုခဲ့သော စကားများကိုပြန်ကြားယောင်ပြီး သက်ပြင်းတစ်ချချဖြစ်နေခဲ့သည်။
သုံးနှစ်နီးပါးလောက် ချစ်ခဲ့ရသော မိန်းကလေးတစ်ယောက်နှင့် လမ်းခွဲခဲ့ရခြင်းသည် မိုးထက်အတွက်လည်း တကယ်ကို မလွယ်ကူပါ....။
လဲ့သည် အရာရာကို ခွင့်လွှတ်နားလည်ပေးခဲ့သည်။ အမှန်အတိုင်းပြောရရင် မိုးထက်ပိုင်ထူးဆိုသော ကျွန်တော်သည် လဲ့လိုမိန်းကလေးမျိုးနှင့် လုံးဝမထိုက်တန်ပေ...။ သူမချစ်ခဲ့သလောက် ကျွန်တော်ပြန်ပေးနိုင်လိုက်တာက နာကျင်မှုတွေသာဖြစ်သည်...။
ညဉ့်နက်ချိန်တွင် ဒီအကြောင်းတွေ ပြန်လည်တွေးတောရခြင်းသည် မိုးထက်အား ပို၍ ဆို့နင့်ကြေကွဲစေသည်။ မီးလင်းနေသောအခန်းကို ငေးကြည့်မိတော့ ရင်ထဲ၌ပို၍တင်းကြပ်လာသည်။
ရှေ့ဆက်လျှောက်ရမည့်လမ်းသည် မိုးထက်အတွက် ပို၍ပင်ခက်ခဲကြမ်းတမ်းလိမ့်မည်။မရသေးသော အချစ်တစ်ခုအတွက် ရှိပြီးသားအချစ်ကို စွန့်လွှတ်ခဲ့ရပြီ....။
မိုးထက်ပိုင်ထူးသည် ဧကတစ်ယောက် သူ့အပေါ်ဘယ်လိုသဘောထားသည်ဆိုတာကို အမှန်တကယ်ပင်သိချင်သည်။ အကယ်၍ ထိုကောင်လေးသာ
သူခံစားနေရသလို မဖြစ်နိုင်ခဲ့ရင်ဆိုသောအတွေးက ဝင်လာပြန်သောအခါ သူစဉ်းစားမိသည်က သစ်စနဲ့လဲ့တို့ရဲ့ နာကျင်မှုတွေအတွက် ဝဋ်ပြန်လည်ပြီလားဟုပင်....။
.
.
.
.
.
.
.
.
.
ယနေ့အတွက်မူ စာကျက်ချိန်သည် ပြီးစီးသွားပြီမို့ ဧကတစ်ယောက် စာကြည့်စားပွဲထက်ထိုင်ကာ ငိုင်နေမိသည်။.စိတ်ထဲတွင်လည်း
တစ်စုံတစ်ခုသောအကြောင်းအရာနှင့်ပတ်သတ်ပြီး လွန်ဆွဲနေလျှက်...။
အကြောင်းမှာ ဒီနေ့ညအဖို့....ဝရန်တာဆီသို့ သွားသင့်၊ မသွားသင့်ကိုပင်....။
သွားချင်တဲ့စိတ်ပိုလာသောအခါ မနေ့ကအဖြစ်အပျက်က ခေါင်းထဲရောက်လာသည်။ညတိုင်း အိပ်ရာမဝင်ခင် ဖက်၍နှုတ်ဆက်ရမည်ဟု မိုးထက်ဆီမှကြားသောအခါ ဧကသည် စိတ်ထဲလန့်သွားမိတာတော့အမှန်...။