Extra❤(Unicode)
6.5K 227 5
ညနေခင်းရဲ့နေက မပူပြင်းပေမဲ့ ဧကအသားနုနုလေး နီမြန်းကုန်မည်စိုး၍ ကားပေါ်ကမဆင်းခင် မိုးထက်သည် သူဆောင်းထားသော လျှာဦးထုပ် အနက်ရောင်လေးကို ချွတ်ကာ ဧကဦးခေါင်းထက်သို့ ကျကျနနလေး ဆောင်းပေးလိုက်သည်။ ဧကသည် ဖိနပ်ပြင်စီးနေရာမှ ထိုအပြုအမူကြောင့် မိုးထက်ကို မော့ကြည့်လိုက်တော့.....
"နေပူမှာစိုးလို့....." ဟုဆိုကာ
နှစ်လိုဖွယ်ရာကောင်းသောအပြုံးများနှင့် ပြုံးပြရင်း ဝတ်ထားသောရှပ်အကျႌလက်ရှည်အား ထပ်ချွတ်ပြန်လေသည်။မိုးထက်ဘာလုပ်ပေးမည်ကို သိသောကြောင့် ဧကမှာ လက်ကာ၍ ငြင်းလိုက်သည်။
"ဒီလောက် ပူလောင်နေတာကို မဝတ်ပေးနဲ့ ကိုထက်..."
မိုးထက်သည် ဧကလက်ကိုဖယ်ချပြီး အကျႌအား ဧကကျောနောက်ဘက်ကနေ လွှမ်းခြုံပေးလိုက်လေသည်။
မိုးထက်၏ရှပ်အကျႌအပွသည် ဧကအတွက်တော့ ခြုံပဝါလိုပင်။ မိုးထက်က အကျႌလက်နှစ်ဖက်ကို ဧကရင်ဘတ်နားတွင် စုချည်ထားပေးလိုက်သည်မို့ ကာတွန်းကားထဲက စူပါမင်း၏ဝတ်ရုံနှင့်တောင် တူနေလေသည်။
"ဟား.....ဟား....ချစ်စရာလေး...."
မိုးထက်သည် ဦးထုပ်ကြောင့် မျက်နှာမမြင်ရသောဧက၊ ရှပ်အကျႌအောက်ပျောက်နေသော ဧကကိုကြည့်ကာ သဘောတကျရေရွတ်ပြီး နဖူးထက်သို့ နမ်းလိုက်လေသည်။ ဦးထုပ်နှင့်ခံနေသောကြောင့် နဖူးနှင့်တိုက်ရိုက်မထိသော်ငြား ထိုအနမ်းရဲ့ အနွေးငွေ့က ဧကရင်ဘတ်ထဲထိ နွေးထွေးစေသည်။
"ဒီပုံစံနဲ့ spiritsထဲ ဝင်ရမှာလားဗျာ....."
ဧကသည် မကျေမနပ်ရေရွတ်လိုက်သည်။ ကားရပ်ထားရာ ဘုန်းကြီးကျောင်းဝင်း၏ တဖက်ကမ်းတွင် မြေနီကုန်းspirits ရှိနေလေသည်။ ဧကသည် spiritsတွင် ပစ္စည်းမျိုးစုံ ရှိသည်ဟု သူများတွေပြောသည်ကို ကြားကတည်းက လာချင်နေခဲ့တာ ဖြစ်သဖြင့် မိုးထက်နားရက်နှင့်ကြုံသောကြောင့် လိုက်ပို့ခိုင်းခဲ့သည်။
ကားရပ်ထားတဲ့နေရာက သစ်ပင်တွေနဲ့အုပ်ဆိုင်းနေလို့ နေရောင်မထိုး။ ဒါ့အပြင် တဖက်ကမ်းကူးလိုက်ရုံနှင့် အမိုးအောက်ပြန်ရောက်မှာကို overတွေဖြစ်နေသော မိုးထက်အား ဧကကိုယ်တိုင်ပင် အမြင်ကတ်ချင်လာသည်။ ကာယကံရှင်ကိုယ်၌က ဘာမှမဖြစ်ဘူးဟု ပြောနေတာတောင် မသိချင်ယောင်ဆောင်ပြီး ကားထဲကဆွဲထုတ်ကာ ကလေးထိန်းသလိုဆိုက်နှင့် လက်ဆွဲခေါ်လာသော
မိုးထက်နောက် ဧကတစ်ယောက် ခြေဆောင့်၍သာ လိုက်လာခဲ့ရတော့သည်။