Part 2(Unicode)
8.2K 498 1
'မင်းသိလား...သူ့အဖေက ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့တွဲနေတာကွ... သူ့အမေကလည်း သူ့အဖေစိတ်ကြောင့်ဘဲ သေသွားတာတဲ့...ငါ့အမေကပြောတယ်...သူနဲ့မပေါင်းနဲ့တဲ့
ဒီအဖေကမွေးတာ ဒီသားဘဲဖြစ်မှာတဲ့....ငါ့ကိုပါ အကျင့်ကူးကုန်မှာစိုးလို့တဲ့.....'
'မင်းကလည်းကွာ...ဧက ကအဲ့လိုတော့မဟုတ်ပါဘူး...စာလည်းတော်တယ် ဆရာ၊ဆရာမတွေပြောစကားလည်း နားထောင်တယ်..သူ့ဘာသာအေးအေးဆေးဆေး
နေတာပါကွာ...'
'မင်းဘာသိလို့လဲ...အချိန်တန်ရင် ဒီပုတ်ထဲကဒီပဲဖြစ်လာမှာဘဲ.....'
'ဖောက်........'
ကျိုးသွားသော ခဲဆံအပဲ့တစ်ခုအပြင် စာမျက်နှာပေါ်သို့ ကျဆင်းလာသော မျက်ရည်တစ်စက်......
*ဧက မငိုနဲ့.....မင်းမငိုနဲ့......*
မငိုမိစေရန် အံကိုသာတင်းတင်းကြိတ်ရင်း
အလုံးအရင်းလိုက် လှိုက်တက်လာသော ရင်ထဲက ဝမ်းနည်းမှုအား ပြေပျောက်ရန် အသက်ကိုပြင်းပြင်းရှူမိသည်။
အတတ်နိုင်ဆုံးမကြားချင်ယောင်ဆောင်ထားပေမဲ့
အတင်းမမည်သော တမင်ကြားအောင်ပြောနေသော စကားသံများ.....
ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး လျစ်လျူရှုထားသော်လည်း တစ်ခါတစ်လေ ပတ်ဝန်းကျင်က ကျွန်တော့အား သည်းခံနိုင်စိတ် ကုန်ဆုံးစေတယ်။
ကျွန်တော် အဲ့လိုလူစားမျိုးမဟုတ်ဘူး။
ကျွန်တော့ တစ်ဘဝလုံး အေးအေးဆေးဆေး စာဘဲကြိုးစားပြီး မကောင်းတာမှန်သမျှ ဘာမှမလုပ်ဘဲနေခဲ့သမျှက အခုတော့ အားလုံး ရေစုန်မျောသွားသလိုဘဲ။
လူတစ်ယောက်အကြောင်းကို သေချာမသိဘဲ စွပ်စွဲပြောဆိုနေကြတာ အဲ့ဒီ့ပြောနေတဲ့သူတွေကရော
လိပ်ပြာလုံကြရဲ့လား။သူတို့ကြောင့် ကျွန်တော်ဟာ
သေချင်လောက်အောင် စိတ်ဓာတ်ကျသွားမယ်ဆိုတာ သူတို့မသိဘူးလား......
ကျွန်တော်ပြောပြချင်တယ်.....
ကျွန်တော်ခံစားနေရတာတွေကို ပြောပြနိုင်မဲ့
လူတစ်ယောက် ကျွန်တော့မှာ လိုအပ်တယ်.....
ကျွန်တော့ဘေးမှာ အပေါင်းအသင်းတွေအများကြီး
ရှိပေမဲ့ ကျွန်တော်သိတယ် သူတို့က အပေါ်ယံလောက်ဘဲ ကျွန်တော့အပေါ် ခင်မင်ကြတာ.....
ကျွန်တော့ကိုစိတ်ရင်းနဲ့ပေါင်းပေးမဲ့
သူတစ်ယောက်မှမရှိဘူး....