Part 8(Unicode)
3.8K 279 6
မိုးထက်ပိုင်ထူးအလုပ်မှပြန်လာသည့်အချိန်သည် အတော်ညဉ့်နက်နေပြီဖြစ်၍ လမ်း၌လူသွားလူလာ နည်းပါးသောကြောင့် ခပ်သွက်သွက်ပင်
လမ်းလျှောက်လာခဲ့သည်မှာ အိမ်ရှေ့ရောက်မှပင် အမောဖြေနိုင်တော့သည်။
တံခါးဖွင့်ပေးမဲ့သူမရှိလို့ စိတ်ပူစရာမလို အပြန်နောက်ကျနေကျဖြစ်တာမို့ ဒေါ်လုံးဆီက သော့အပိုကြိုတောင်းထားမိသည်မှာ မိုးထက်အတွက် မှန်ကန်သောအလုပ် လုပ်မိသလိုပင်....။
အချိန်ကား ညဆယ်နာရီခွဲခန့်ရှိနေပြီ ဖြစ်တာကြောင့်
အိပ်နေကြပြီထင်....ဧကအခန်းမီးထိန်ထိန်မှလွဲ၍ တစ်အိမ်လုံးမီးအလင်းဖျော့ကိုသာထွန်းညှိထားလျှက်...။
ဧကအခန်းဆီသို့တစ်ချက်မော့ကြည့်ပြီး အိမ်ထဲသို့ အသံတိတ်ဖြင့်ခြေလှမ်းတို့ကိုခပ်ဖွဖွနင်းကာ ဝင်လာခဲ့သည်။ မိုးထက်ပိုင်ထူးအားချယ်ရီလေးက အမြှီးလေးလှုပ်ယမ်းကာ အနားလာ၍ အနံ့ခံသည်။ ခါတိုင်းလိုတော့ ဟောင်ခြင်းမပြုတော့....။
စတွေ့ကာစက ချယ်ရီလေးအားကြောက်မိသော မိုးထက်ပိုင်ထူးသည် ယခုတွင်တော့ ဒူးထောက်ထိုင်ကာ
ချယ်ရီလေး၏ ခေါင်းလုံးလုံးလေးအား ပွတ်သပ်ခြင်း ပြုပေးနေလျှက် တိုးညှင်းသော အသံဖြင့်......
"ကလေးလေး....မင်းငါ့ကိုမှတ်မိနေပြီပေါ့.....
မင်းသခင်ကတော့....ဘယ်အချိန်မှ..ငါ့ကိုအမြင်ကြည်မလဲ မသိပါဘူး....."
ချယ်ရီလေးအား ခဏမျှပွတ်သပ်ပေးပြီးနောက် မီးဖိုချောင်ထဲသို့ ဦးတည်သွားတော့ ပြည့်စုံထွန်းလင်းနှင့်တွေ့သည်။ မိုးထက်ကြည့်လိုက်တော့ ပြည့်စုံထွန်းလင်းက ဖန်ခွက်တစ်ခွက်ထဲ ရေနွေးထည့်ကာ ဇွန်းနှင့်အတွင်းပိုင်းကို မွှေနေတာဖြစ်သည်။ အနီးအနားမှာ တွေ့ရသည်က အိုဗာတင်းပုလင်း.....။ ကြည့်ရတာ ဧကအတွက်ပင်ဖြစ်မည်။
မိုးထက်ဝင်လာတာတွေ့တော့ တစ်ချက်မျှကြည့်ပြီး သူ့အလုပ်သူဆက်လုပ်နေသည်။
"မအိပ်သေးဘူးလား.....အစ်ကို..."
ပြည့်စုံထွန်းလင်းက တစ်ချက်စောင်းငဲ့ကြည့်ကာ....
"အေး....မအိပ်သေးဘူး....."
ဒီလိုနှင့်စကားစပြတ်သွားပြန်တာကြောင့် မိုးထက်ရေခဲသေတ္တာနားသွားကာ အထဲကရေဘူးတစ်ဘူး
ယူလိုက်သည်။ အဖုံးဖွင့်ပြီး သောက်မည်အပြု....