Part 25(Unicode)
3.1K 206 5
လွင်သစ်သွေးသည် လျှောက်လမ်းတစ်လျှောက် အားလျော့စွာ
လျှောက်လာရင်း အတော်ဝေးဝေးရောက်မှ အနောက်ပြန်လှည့်ကြည့်မိသည်။ ကျောခိုင်းလိုက်တဲ့အခါ
နောက်ကျောပျောက်ကွယ်သွားတဲ့အထိ ကြည့်နေခဲ့မဲ့မျက်လုံးတစ်စုံကို သူ မရရှိခဲ့.....။
ပြည့်စုံထွန်းလင်းကိုဖက်ပြီး ငိုနေတဲ့ဧကကိုတွေ့ရတော့....
မျက်လုံးနှစ်ဖက်က မျက်ရည်တွေ စီးကျမိသေးသည်။
အထင်မလွဲစေချင်ဘူး....ဧက....
အကိုမင်းကို ဘယ်လိုဆက်ဆံလဲဆိုတာ....
မင်းအသိဆုံးပဲမှတ်လား....
လျှောက်လမ်းဘေးကခုံမှာထိုင်ပြီး
မျက်ရည်စက်လက်နှင့် တုန်ယင်နေသောကိုယ်ခန္ဓာနှင့် မနှောင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသေးသည်။....
ပုံမှန်ဆို ဒေါသထွက်ရမယ်....စိတ်ဆိုးရမယ်....
ရန်ပြန်တွေ့ရမယ်...အမှန်အတိုင်းပြောပြရမယ်.....
ဒါပေမဲ့......
စိတ်ခံစားချက်ရယ်လေ....သိပ်ကိုဆန်းကြယ်တယ်.....
ခံရသူကကိုယ်ဖြစ်တာတောင် တစ်ခြားသူကို နှစ်သိမ့်ပေးချင်နေတုန်း....
ဘာတစ်ခုမှ မလုပ်ခဲ့ဘဲ......
ဒီတိုင်းလှည့်ထွက်ခဲ့တာ....သိသာသွားလား.....
ကျွန်တော့အတွက် မနှောင်းက ဘယ်လိုလူဆိုတာ....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဖက်တွယ်ထားတဲ့ ခန္ဓာကိုယ်ကိုကျော်ပြီး ငေးကြည့်ချင်စိတ်တွေက ဧကရင်ထဲအပြည့်....။ ပြည့်စုံထွန်းလင်းရဲ့သန်မာတဲ့ လက်တွေကြားရောက်နေတဲ့ ခန္ဓာကိုယ်ကို ရုန်းကန်ပြီး ထွက်သွားဖို့ မလုပ်ချင်ခဲ့တာ...လွန်ဆွဲနေတဲ့ စိတ်တွေကြောင့်....
တကယ်ပဲ.....ကိုကိုလုပ်ခဲ့တာလား.....
မဟုတ်ဘူးမှတ်လား...ကျွန်တော်ယုံတယ်လေ....
နည်းနည်းလောက်ပဲ ရှင်းပြသွားရင် ကျွန်တော်ယုံမှာပါ...
လက်ချော်လို့ ပြုတ်ကျသွားတာလို့ အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေကို
ကြားရရင်တောင် ကျွန်တော်ယုံဦးမှာပါ.....
ဒါပေမဲ့...လှည့်ထွက်သွားတဲ့ နောက်ကျောကိုကြည့်ပြီး
ဘယ်လို အဖြေရှာရမလဲ....