Part 41(Unicode)
2.6K 188 1
"ဒေါက်......ဒေါက်......ဒေါက်......"
တံခါးခေါက်သံပီပီသသကြားလိုက်ရသော်လည်း ဧကမထူးမိ....။စောင်ပုံထဲသာ.တစ်ကိုယ်လုံးတိုးဝှေ့ပြီး ငြိမ်ကုတ်နေမိတော့သည်။ခဏနေတော့ အခန်းတံခါးပွင့်လာသည်။ စားပွဲခုံနှင့်တစ်ခုခုထိ သံပေါ်လာသည်။ ထို့နောက် လုံအောင်ဖုံးအုပ်ထားသော စောင်စအား ဆွဲမခြင်းခံလိုက်ရသည်။ လင်းပျသွားသော မီးရောင်သည် မျက်လုံးအားကျိန်းစပ်စေ၍ အတင်းဆွဲမှိတ်ထားပြီးတော့မှ ဖြည်းဖြည်းချင်း
ပြန်ဖွင့်လိုက်သည်။
စောင်နှင့်ကိုယ်လုံးကင်းကွာသွားသောကြောင့် လှည့်ကြည့်မိတော့ ကိုကိုကြီးပါပင်....။ ဧကအား ဝမ်းနည်ဖွယ်ရာမျက်လုံးတို့နှင့် ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ညီလေး.....ထ....ထမင်းထစား...."
စားပွဲပေါ်တင်ထားသောဗန်းကို ပြည့်စုံထွန်းလင်း လှမ်းယူပြီးချိန်အထိ ဧကသည် အိပ်ရာမှလည်းမထ နောက်ကျောပေးပြီး နေမြဲအတိုင်းပင် ဆက်နေသည်။
ထို့နောက် နောက်လှည့်မကြည့်ဘဲ ခပ်တိုးတိုးပြောသည်။
"မစားချင်ဘူး....ကိုကိုကြီး......"
"မစားရင် ဗိုက်အောင့်မှာပေါ့....
ကိုယ့်အကြောင်းကိုယ်မသိဘူးလား....
ကိုကိုကြီးအမြဲမှာခဲ့တယ်....ဘယ်လောက်ပဲ
စိတ်ညစ်စရာရှိရှိ...ကိုယ့်ကျန်းမာရေးနဲ့ သပ်သပ်စီခွဲထားပါလို့....မစားဘဲနေတော့...ရောဂါရရုံအဖက်တင်တယ်...ဖြစ်နေတာတွေက ပြေလည်သွားမှာလား...."
ခပ်မာမာလေးဆူပေးလိုက်တော့.....စကားဆုံးသည်နှင့် ချက်ချင်းငုတ်တုတ်ထထိုင်သည်။ ဧကသည် တစ်ချက်ကလေး ကိုယ့်သဘောအတိုင်း ဆိုးနွဲ့ကာ နေချင်မိပေမဲ့ အကိုဖြစ်သူစကားအားလည်း အကြာကြီးနားမထောင်ဘဲ မနေနိုင်....။ ခေါင်းညိတ်ပြ၍ စားမည့်ဟန်ပြုပြတော့...
ပြည့်စုံထွန်းလင်းသည် စိတ်ကျေနပ်သွားပုံဖြင့် ထမင်းနဲ့ဟင်းကို ဇွန်းထဲနေရာချကာ ဧကကိုကိုယ်တိုင်ခွံ့ကျွေးလိုက်သည်။
နဂိုတည်းကမှ အစားသိပ်မစားတဲ့ကလေး မနက်စာလေးမစား၊ စိတ်လေးနည်းနည်းမကြည်တာနဲ့ မျက်နှာလေးက လေလျော့နေသောပူဖောင်းလို ပြားကပ်ကပ်....။
ဖောင်းအစ်နေသောမျက်လုံးများကိုကြည့်ပြီး ပြည့်စုံထွန်းလင်းတစ်ယောက် သက်ပြင်းကို
ခိုးရှိုက်လိုက်သည်။