Valentine's Day Special(Unicode)
3.9K 177 10
AN/mediaကသီချင်းလေး နားထောင်ပြီးဖတ်ရင် ပိုကောင်းလိမ့်မယ်❤
"ဧက....မင်းဒီနေ့ ဘာမှမလုပ်ဘူးလား..."
ကျောင်းက သူငယ်ချင်းတစ်ယောက်ထံမှ ကြားလိုက်ရသော စကားဖြစ်သည်။ သူ့မျက်နှာက ပြုံးစိစိနှင့် လက်ထဲတွင်လည်း.ပန်းစည်းနဲ့ အရုပ်ကြီးကိုင်ထားလို့....။
"ဘာလုပ်ရမှာလဲ........"
ဧကပြန်ဖြေလိုက်တော့ ထိုကောင်လေး၏ မျက်နှာတွင် အံ့သြပုံအမူအရာက ချဉ်းနှင်းဝင်ရောက်လာသည်။ အခန်းတွင်းရှိ ဆူညံသံအကြားမှာ သူသည် ဧကကြားအောင် အသံကျယ်ပြု၍ အော်ဟစ်ပြောသေးသည်။
"နေပါဦး....ဒီနေ့ဘာနေ့လဲတောင် မင်းသိရဲ့လား....."
"၁၄ရက်နေ့လေ......."
ဧကစိတ်ထဲတွင် ဆယ့်လေးရက်ဆိုသောနေ့ကို ရိုးရိုးသာမန်နေ့တစ်နေ့ အဖြစ်သာ အမှတ်ထားလေသည်။
ထို့ကြောင့် ရိုးရိုးတန်းတန်းပင် ပြန်ဖြေလိုက်သော်လည်း ထိုကောင်လေးမှာတော့ ဧကကိုစိတ်ပျက်သည့် မျက်နှာနှင့်ကြည့်ပြီး ခေါင်းခါလေတော့သည်။
ထို့နောက် ဆယ့်လေးရက်ဆိုသောနေ့မှာ ဘယ်လိုဘယ်ပုံအဓိပ္ပါယ်ရှိကြောင်း.ရှင်းပြတော့မည့်ဟန်နှင့် လက်ထဲတွင်ကိုင်ထားသော ပန်းစည်းနှင့်အရုပ်ကြီးကို ခုံပေါ်သို့ပစ်ချလိုက်သည်။
"ဧကရာ.....မင်းပြောတာဟုတ်ပါတယ်....
၁၄ရက်တော့ ၁၄ရက်ပဲ....ဒါပေမဲ့..ရိုးရိုးလတွေရဲ့၁၄ရက်မဟုတ်ဘူးကွ...
ဖေဖော်ဝါရီဆယ့်လေးရက်ကွ...ဖေဖော်ဝါရီဆယ့်လေး...."
"ဖေဖော်ဝါရီဆယ့်လေး.....အဲ့တော့ ငါကဘာလုပ်ရမှာလဲ....."
ဧက၏ခပ်အေးအေးပြန်ဖြေပုံကြောင့် အားနှင့်မာန်နှင့်ပြောနေသော.ထိုကောင်လေးမှာ ဆွံ့အသွားရတော့သည်။ သူ့အတွေးထဲ၌ ဒီလောကကြီးထဲ
ဖေဖော်ဝါရီဆယ့်လေးကိုတောင် မသိသူရှိသေးပါလားဟု ထပ်တလဲလဲ ရေရွတ်နေမိသည်။
"အေးပါကွာ.....မင်းကစာအုပ်နဲ့မျက်နှာ မခွာတဲ့ကောင်
ပြီးတော့....ငါ့တို့လို ဖုန်းကို fb nfပွတ်ဖို့တစ်ခုတည်းအနေနဲ့ သုံးတာမဟုတ်တော့လည်း...မသိတာ မမှားပါဘူး....