Part 45
5.2K 425 96
စူးရှတဲ့အလင်းရောင်က မှိတ်ထားသောမျက်လုံးထဲသို့ တိုးဝင်လာခိုက် တင်းတင်းစေ့ထားသောမျက်ခွံတို့သည် ဟိုဘက်ဒီဘက် လှုပ်ရုန်းလာ၍ မျက်တောင်တဖျတ်ဖျတ် ခတ်အပြီး ဖြည်းဖြည်းချင်း ပွင့်ဟလာကြသည်။ အဖြူရောင်ကလွဲ မမြင်ရသော ပတ်ဝန်းကျင်တွင် ဧကတစ်ယောက်တည်းသာရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဘယ်နေရာကိုကြည့်ကြည့် အဖြူရောင်လွင်ပြင်ကိုသာ မြင်နေရပြီး...တောက်ပသောအလင်းရောင်တန်းများသည်လည်း ဟိုမှသည်မှ ကူးလူးယှက်ဖြာနေသည်ကို တွေ့ရသည်။
သူထဖို့်ကြိုးစားသည်။ ခန္ဓာကိုယ်တစ်ခုလုံးချုပ်နှောင်ခံထားရသလို
နည်းနည်းလေးတောင် လှုပ်၍မရ....။ လှုပ်ရှားလို့ရသော ဦးခေါင်းကိုသာ ရွေ့ပြီး လျှောက်ကြည့်မိသည်။ အဖြူရောင်လွင်ပြင်ထဲမှာ တစ်ယောက်တည်းရှိသည်ဆိုသော အသိစိတ်က ဧကအားကြောက်လန့်စေသည်။
"ဘယ်သူရှိလဲ.........."
အသံပြုကြည့်သော်လည်း....သက်ရှိတစ်စုံတစ်ယောက်၏
တုံ့ပြန်သံကို စိုးစဉ်မျှမကြားရဘဲ မိမိအသံသည်သာ ပဲ့တင်သံပြန်ထပ်လာသည်။ အားဘယ်လောက်မှ မစိုက်ရဘဲနှင့် ဒီတိုင်းလှဲနေရတာတောင် တစ်ကိုယ်လုံးနွမ်းနယ်ပြီး အားမရှိသလိုလည်း ခံစားနေရသေးသည်။
လှုပ်ရှား၍မရသောခန္ဓာအား ကြိုးစားပြီးထကြည့်ဖို့လုပ်နေစဉ်...
အဖြူရောင်လွင်ပြင်ထဲမှ အရိပ်တစ်ခုသည် ဧကဆီသို့ တရွေ့ရွေ့နှင့် လာနေသည်ကိုတွေ့လိုက်ရသည်။
ထိုအရိပ်သည် အနားရောက်လာသည်နှင့် ပို၍သဲကွဲစွာ မြင်လာရသောအခါ ဧကနှုတ်မှ အခေါ်အဝေါ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ကိုကို............"
အရိပ်ပိုင်ရှင်သည် လွင်သစ်သွေးပါပင်.....။သူသည် ကြည်လင်နူးညံ့သောအပြုံးတို့နှင့် ဧကဆီသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာနေသည်။ တစ်ကိုယ်လုံးအဖြူရောင်သာဆင်မြန်းထား၍ ပုံစံမှာ နတ်သားလေးသဖွယ်ဖြစ်နေသည်။
ဧက၏လက်တစ်ဖက်အား
လွင်သစ်သွေးက လှမ်းကိုင်လိုက်သည်။
"ကိုကို အရမ်းကြည့်ကောင်းတာပဲ......"