Part 47
6K 402 72
ဆိုဖာပေါ်မှာတင် ထိုင်လျှက်အိပ်ပျော်သွားခဲ့တာ...နိုးလာတော့မှ လည်တိုင်က နာကျင်မှုကြောင့် စုတ်သတ်မြည်တမ်းရင်း ဦးခေါင်းကို ဖြည်းဖြည်းချင်းတည့်မတ်ကာ အနာသက်သာအောင် နှိပ်နယ်နေရသည်။
မျက်စိနှစ်လုံးပွင့်လာသည်နှင့် ဧကအနားရောက်သွားပြီးသား....။
စောင်လွတ်နေသော ခန္ဓာကိုယ်အား သေချာလွှမ်းခြုံဖုံးဖိပေးပြီး ခေါင်းလေးကို ထိသည်ဆိုရုံလေးထိကာ အပြင်သို့ထွက်လာခဲ့သည်။
ကော်ရစ်တာလမ်းမှာ ချထားသောထိုင်ခုံထက်ထိုင်ရင်း ဟိုဘက်သည်ဘက် ကူးလူးသွားလာနေကြသော လူတွေကို အကြောင်းမဲ့ငေးကြည့်နေမိသည်။
ဝေဝါးလာသောမျက်လုံးအား အနားပေးသည့်အနေနှင့် မျက်မှန်ကိုချွတ်..အင်္ကျီမှာချိတ်၍ မျက်နှာကို လက်နှစ်ဖက်ထက်အပ်ကာ ခေါင်းငိုက်စိုက်နေမိသည်။
"ဘာထိုင်လုပ်နေတာလဲ.....မောင်လေး....."
နူးညံ့ကြည်လင်သောအသံက မိုးထက်နားထဲ ညင်ညင်သာသာဖြတ်သန်းဝင်ရောက်လာသည်။
"မမ........"
မမကိုတွေ့လိုက်ရသည့်တခဏ လူမြင်သင့်တော်၏၊ မသင့်တော်၏ မစဉ်းစားနိုင်တော့ပဲ....
ယောဂီဝတ်မြနှောင်းသာ၏ ပခုံးထက် ခေါင်းတင်ကာ ရှိုက်ငင်နေမိသည်။ အမဖြစ်သူနှင့်ဆိုလျှင် မိုးထက်သည် ကလေးတစ်ယောက်သာသာ။ ထိန်းချုပ်ထားသော ခံစားချက်တွေက အမရှေ့ရောက်သည်နှင့် ပွင့်ပေါက်ကာ ငိုရှိုက်မိလျှက်သား....။ နှစ်ဆယ်ကျော်အသက်အရွယ်က လူကြီးပိုင်းဝင်လာပြီဖြစ်ပေမဲ့ ကျောကိုပုတ်ကာ နှစ်သိမ့်ပေးမည့်လက်တစ်စုံကို မိုးထက်မျှော်လင့်
တောင့်တနေမိဆဲဖြစ်သည်။
"ဘာဖြစ်နေတာလဲမောင်လေး....
ဧကကြောင့်လား...အားတင်းထားပါ...
သူအကြာကြီးအိပ်မနေနိုင်ပါဘူး..မမတို့က
စိတ်ရှည်ရမယ်လေ...."
မြနှောင်းသာသည် မိုးထက်ကျောကုန်းကိုလက်နှင့်ပုတ်ပုတ်ပြီး
နှစ်သိမ့်ပေးနေသည်။ သူမကြောင့် မောင်ဖြစ်သူခံစားနေရတာမြင်ရင်
သူမအမှားတွေအတွက် တိုးတိုးပြီး နောင်တရလာမိသည်။ သူမအနေဖြင့် ဤနောင်တတရားတွေကို တစ်သက်လုံး ရင်ဝယ်ပိုက်မသွားရဖို့သာ မျှော်လင့်နေမိသည်။