Part 13(Unicode)
3.7K 260 3
လွင်သစ်သွေးသည် သူ၏လက်တွင်ပတ်ထားသောနာရီကို
ကြည့်ပြီး.....
"ငါးနာရီခွဲတော့မယ်ဧက....
စာသင်တာလည်းတော်တော်ကြာပြီဆိုတော့...
ဒီနေ့ဒီလောက်နဲ့ဘဲ နားရအောင်...
နောက်နေ့တွေ အကိုရှစ်နာရီခွဲလာမယ်....
ဆယ့်နှစ်ခွဲလောက်တော့ပြီးမှာပေါ့....
ညနေပိုင်း ကိုယ်ပိုင်စာကျက်ချိန်လေးရအောင်
စောစောသင်လိုက်မယ်နော်....အဆင်ပြေတယ်မလား...."
ဧကကခေါင်းညိတ်ပြကာ.....
"ဟုတ်အဆင်ပြေတယ် ကိုကို......"
ဧကရဲ့စကားသံအဆုံးမှာ လွင်သစ်သွေးသည် ဧကဆံပင်လေးတွေကို လက်နဲ့ဖွလိုက်မိသည်။
"ကိုကိုလည်း ကိုကိုကြီးလိုဘဲ.....
ခေါင်းပုတ်ရတာ ကြိုက်တယ်ထင်တယ်....."
စကားနည်းသောဧကမှာ လွင်သစ်သွေးကိုတော့
စာသင်ချိန်တစ်ခဏလေးအတွင်းမှာတင် အကိုရင်းတစ်ယောက်လို ခင်မင်မိပြီး ပြည့်စုံထွန်းလင်းကို ပြောဆိုဆက်ဆံသလို ပြုမူနေသည်။
လွင်သစ်သွေးကဧကကို နှစ်လိုဖွယ်ရာ အပြုံးနှင့်ပြုံးပြကာ....
"ဧကလေးက ချစ်ဖို့ကောင်းနေတာကိုး......" ဟူ၍ ပြောသောအချိန်တွင် ဧကထံမှ ရယ်မောသံလေး ထွက်ပေါ်လာသည်။
လွင်သစ်သွေးသည် မျက်စိရှေ့တွင် ရယ်မောနေသောကောင်လေးအား...
နှစ်ရှည်လများကွဲကွာခဲ့ရသော လူတစ်ယောက်လို
ငေးမောကြည့်နေမိသည်။
ဧကကိုကြည့်မိတိုင်း....
သူ့စိတ်ထဲတွင် အမြဲတမ်းရှိနေခဲ့သော သူတစ်ယောက်အား
နှမြောတသစွာ လွမ်းမောနေခဲ့သည်။
နာကျင်စရာကောင်းသောအတိတ်အား မေ့ထားခဲ့တာမျိုးမဟုတ်ပေမဲ့ သတိလည်းမရချင်....
သတိရမိတိုင်း ငိုင်ကျသွားစေတတ်သည့် သူ့အပြုအမူကြောင့်.သတိထား ဆင်ခြင်ခဲ့ရသည်မှာ
အတော်ကြာပြီဖြစ်သော်လည်း ဒီနေ့တွင်တော့
အသေအချာကိုပင် စိတ်ထဲပေါ်လာမိသည်။
ရင်တွင်း၌သက်ပြင်းမောများ ရှိုက်ချရင်း ဖြေသူမရှိသော အမေးစကားကို အချိန်ခဏလေးအတွင်းမှာ အကြိမ်ပေါင်းများစွာ မေးခဲ့ပြီးဖြစ်သည်။