Part 15(Unicode)
3.1K 233 18
ကံကြမ္မာဆိုးသည် လွင်သစ်သွေးရှစ်တန်းကျောင်းသားအရွယ်တွင် စတင်ဝင်ရောက်လာခဲ့သည်။
တစ်နေ့ အမေသံစူးလာခဲ့သည်ဟု ပြောနေသံကြားလိုက်ရသည်။
အပေါက်ဒဏ်ရာနှင့် ရောင်နေသော အမေ့ခြေထောက်ကိုကြည့်ပြီး
လွင်သစ်သွေးဘာလုပ်ရမှန်းမသိခဲ့....။ ပိုက်ဆံဆိုသည်မှာ အမေရှာမှရတာမို့ ခြေထောက်ဒဏ်ရာကြောင့် အမေစျေးမရောင်းနိုင်သည့်နေ့များတွင် လွင်သစ်သွေးသည်
ကျောင်းဆင်းသည်နှင့် ကျောင်းစိမ်းအကျႌကို မချွတ်ဘဲ
အကြော်လိုက်ရောင်းသည်။
ကလေးအရွယ်သာရှိသေးသည်မို့ စျေးမရောင်းရဟု အမေကမတား....။ လွင်သစ်သွေးတို့ညီအစ်ကိုနှစ်ယောက်အတွက်
ကျောင်းစရိတ်နှင့် ထမင်းစားရရေးအတွက် ကလေးမှ၊ လူကြီးမှဟုတွေးတောစဉ်းစားခြင်း မပြုနိုင်ခဲ့....။
ပထွေးကိုတော့ ထုံးစံအတိုင်း နေ့တိုင်းအရက်ပုလင်းဆက်သရသည်။
တည်လေးကငယ်သေးသည်မို့ ကျောင်းတွင် တခြားကလေးတွေစားသော မုန့်လေးတွေ၊ အရုပ်လေးတွေ
စားချင်သည်၊ ဆော့ချင်သည်။
နေ့တိုင်းပိုက်ဆံတွေကို အမေ့ကိုပေးပြီးသည်နှင့်
ပိုတာလေးတွေကို စုစုထားသည်။ ပိုက်ဆံများလာရင် တည်လေးကြိုက်တတ်တဲ့ မုန့်တွေ၊ အရုပ်တွေဝယ်ပေးသည်။
တန်ဖိုးမများပေမဲ့ တည်လေးပျော်တာတွေ့ရတော့ ကိုယ်တိုင်ပိုက်ဆံရှာရသည်ကို လွင်သစ်သွေး နှစ်ခြိုက်လာခဲ့သည်။
ပင်ပန်းပေမဲ့ အဲ့ဒီ့အချိန်တွေမှာ တည်လေးလိုချင်တာ နည်းနည်းလေးဖြစ်ဖြစ် ဖြည့်ဆည်းပေးနိုင်လို့ သူပျော်ပါသည်။
အမေ့ခြေထောက်ကမသက်သာ....။ တဖြည်းဖြည်းပိုပိုဆိုးကာ အနာရင်းလာသော်လည်း ဆေးခန်းပြဖို့ပိုက်ဆံကို လွင်သစ်သွေးလို ကလေးတစ်ယောက်အနေနဲ့ လုံလောက်အောင် မရှာနိုင်ခဲ့ပေ...။
မလုံလောက်သည့်အပြင် အမေဆေးခန်းပြရန် ရည်ရွယ်၍ စုထားသောပိုက်ဆံလေးတွေကို  ပထွေးသည် အရက်ဖိုးအဖြစ် အသုံးပြုလိုက်သည်။
ညဘက်တွေရောက်ရင် အနာကြောင့် ညည်းညူနေတတ်သော အမေ့အသံကြားရင် တည်လေးငိုသည်။