Part 44(Unicode)
2.7K 164 2
နှစ်နှစ်ကျော်ကြာပြီးနောက်.......
.
.
.
.
.
.
အခန်းနံပါတ်(၁၂)
တံခါးဖွင့်ပြီးဝင်လိုက်တာနဲ့ အဲယားကွန်းလေက ဖြတ်တိုက်လာတာ အေးစိမ့်စိမ့်....။ အစိမ်းနုရောင်အပြည့် သုတ်ထားသော အခန်းလေးမှာ မြင်လိုက်တာနဲ့မျက်လုံးထဲ အေးမြသွားစေသော်လည်း ကုတင်ထက်မလှုပ်မယှက် လှဲနေတဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဖြူဖြူဖျော့ဖျော့ကောင်လေးကို မြင်လိုက်တိုင်း စိတ်ထဲမွန်းကြပ်မှုတို့ ဖြစ်စေလာလျှက်....။ လှဲနေတဲ့ကောင်လေးကို မြင်နိုင်၊ကြားနိုင်သူတစ်ယောက်လို အရေးတယူစကားထိုင်ပြောပေးနေတဲ့
ကောင်လေးကိုလည်း ဒီအခန်းလေးထဲမှာ ညနေတိုင်းတွေ့ရတတ်သေးသည်..။
"ဧက.....အကို ချိန်ဘာစဆင်းနေရပြီ....
ကျောင်းတုန်းကသင်ခဲ့ရတာတွေထက် ပိုအဆင့်မြင့်တဲ့ အတွေ့အကြုံတွေအများကြီးရတယ်...ပြီးတော့...
အဆူအငေါက်လည်း ကျောင်းတုန်းကထက် ပိုခံရသေးတယ်..ကျောင်းတက်တုန်းက ဥပဒေကျောင်းသားဆိုတဲ့ အရှိန်အဝါနဲ့
ကျောင်းသားတွေကြားမှာ ဆရာတွေကြားမှာ ခေါင်းမော့ရင်ကော့ပြီး နေလာခဲ့သမျှ ချိန်ဘာဘဝလည်းရောက်တော့ ခွေးကအစ ရိုသေနေရတော့တာ...တစ်နေကုန်ပြေးပြေးလွှားလွှားနဲ့
ဆရာခိုင်းတဲ့ အမှုသည်တွေနဲ့ဆိုင်တဲ့ကိစ္စတွေကို ချွေးစို့အောင်လုပ်နေရတာ...အဲ့ဒီ့မှာမှ တကယ့်ဘဝကစတာဧက.....
လူအချင်းချင်းမလှိမ့်တပတ်လုပ်တတ်တဲ့အကြောင်းတွေ
မတရားခံရသူတွေရဲ့မျက်ရည်တွေကို မမြင်ချင်တဲ့အဆုံး...
မြင်တွေ့နေရတာ...ဒါပေမဲ့ ဒီအလုပ်မှာ အကိုပျော်တယ်ဧက...အမှုသည်တွေအတွက် ငါဟာ ကျောက်တိုင်ကြီးတစ်ခုလို ထီးထီးမားမားရပ်တည်ပေးမယ့် သူပါလားဆိုတဲ့ အသိက ပီတိစားရသလို အားတွေပြန်ပြည့်စေတယ်.....
ဒါတောင်အကိုက အလုပ်သင်ပဲရှိသေးတာ....
ဆရာတွေရဲ့ပီတိကို ဘေးကစားရသူအဖြစ်ပဲရှိနေသေးတာ...
ကိုယ်တိုင်လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ဒီ့ထက်ပိုများတဲ့ချွေးတွေ၊နှလုံးသားတွေနဲ့ရင်းပြီး ပီတိစားရတဲ့အခါ ဧကကိုလည်း မျှဝေချင်တယ်....
အဲ့တာကြောင့် ထလာပါတော့ ဧကရယ်....
မျက်လုံးဝိုင်းလေးတွေနဲ့ငေးကြည့်ပြီး...ကိုထက်လို့ခေါ်လိုက်တဲ့ပုံစံလေးကို အကိုပြန်မြင်ချင်နေပြီ...."