❤ရင်ဖွင့်လွှာ❤
6.1K 312 126
ဟန်မီလေးရဲ့ ရင်ဖွင့်လွှာကိုလဲ မိုးထက်နဲ့ဧကတို့ကို အချိန်ပေးသလို ဖတ်ပေးကြမယ်မလား....။ ဦးရှန်လို အမေးအဖြေနဲ့ ဖြေချင်၊ ရေးချင်ပေမဲ့ မေးမယ့်သူမရှိတော့ ကိုယ်ပြောချင်တာတွေပဲ စွတ်ပြောထားတယ်...သည်းခံပြီးဖတ်ပေးနော်xd
ပထမဆုံးကျေးဇူးတင်လွှာလို့ ခေါင်းစဉ်တပ်မလို့ပဲ....
ဒါပေမဲ့ ဟန်မီရင်ဖွင့်တာတွေက များနေလို့ ရင်ဖွင့်လွှာလို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်....
ဒီအမုန်းကို ရေးရတာ ဟန့်အတွက် စိန်ခေါ်မှုတစ်ခုလိုပါပဲ...
ဖတ်တဲ့သူတော့မသိဘူး ရေးတဲ့သူကိုယ်တိုင်ရင်တုန်ပန်းတုန်နဲ့
ရေးရတာပါ....
အပိုင်းတစ်ပိုင်းတင်ပြီဆို feedbackတွေကို မကြည့်ရဲပါဘူး...
Feedbackတွေလိုချင်ပေမဲ့ ကြောက်လို့voteတွေချည်းသာ လိုချင်ခဲ့တာပါ...ပြောချင်တာက ဖတ်တဲ့သူတွေနဲ့အတူ ဟန်လည်းခံစားရ၊ ရင်ခုန်ရတယ် ဆိုတာပါပဲ...
29.3.2018ကနေ စတင်လိုက်တာ 20.1.2019မှပဲ အဆုံးသတ်နိုင်တော့တယ်...ဆယ်လနီးပါးပဲ ကြာသွားလိုက်တာ...
အမှန်တကယ်ဆို အမုန်းက ဒုတိယမြောက်ficပါ..
ဟန်ကစာရေးရင်moodအရင်ဝင်တာပဲ ရေးလို့တတ်တာဆိုတော့...နှစ်ပိုင်းတင်ပြီး...ကြားထဲမှာ Changeဆီ စိတ်ရောက်သွားတာနဲ့ သူ့ကိုအရင်ရေးဖြစ်သွားတယ်..changeပြီးမှစတင်ခဲ့တာဆိုတော့
အရမ်းကြာသွားခဲ့ပါတယ်....
ပထမဆုံးရေးခဲ့တဲ့ Love is smilingမှာဆိုရင် ဟန့်ရဲ့မနူးမနပ် ကလေးသာသာအရေးအသားကို တွေ့ရမှာပါ...။ အဲ့တာလေးကို ဖတ်ခဲ့တဲ့သူတွေတိုင်း ဟန်အားနာမိပါတယ်...။ ကိုယ့်ရဲ့ဆိုးလှတဲ့အရေးတွေကြောင့်ပါ...။ ပြန်ပြင်ချင်ပေမဲ့ ပထမဆုံးရေးခဲ့တာလေးမို့ မူမပျက်ထားခဲ့ပါတယ်...။ ပိုပိုပြီး တိုးတက်လာတဲ့ ဟန်မီကို စာထဲမှာ ရှာတွေ့စေချင်လို့ပါ...။
Changeမှာတော့ နည်းနည်းဆရာလုပ်လာပြီxd...။
ကိုယ့်ရဲ့အမြင်တွေ၊ ယူဆချက်တွေ၊ ဖြစ်တတ်တဲ့ သဘောလေးတွေကို အခါအားလျော်စွာ ထည့်ထည့်ရေးထားပါတယ်...။ ဟန်ရေးတာက ဗဟုသုတရစရာမျိုးလည်း မဟုတ်တော့၊ အသိပညာမဟုတ်ရင်တောင် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး
အတွေးတစ်ခုခုတော့ ရသွားစေချင်တာကြောင့် ဆရာလုပ်ထားတာတွေရှိပါတယ်။ သေချာဖတ်ကြည့်ရင် မြင်မှာပေါ့နော်....။