Part 32(Unicode)
2.6K 193 2
မနက်အစောကတည်းက စာအုပ်တစ်အုပ်ကိုင်ပြီး လှေကားမှာထိုင်ရင်း အိမ်ကလူတွေအလုပ်ရှုပ်နေတာကို ထိုင်ကြည့်နေမိသည်။
ကူညီပေးမည်ပြောတော့ ကိုကိုကြီးရော၊ ဒေါ်လုံးရောက မလုပ်ခိုင်း...။
စာသာကျက်နေပါတဲ့.......။
အခန်းထဲမှာလည်း မနေနိုင်တာကြောင့်
အားလုံးကိုမြင်ရတဲ့ လှေကားမှာထိုင်ပြီးနေနေမိတာ...
စာအုပ်ကိုင်ထားပေမဲ့လည်း စာတော့မကျက်မိ...။ အထပ်ထပ်အခါခါကျက်နေရတဲ့စာတွေကို ဒီအချိန်မှာ
စိတ်ကုန်လာမိတာအမှန်....။
.
.
.
.
.
.
.
.
.
.
.
.
.
.
"မိုးထက် ဒါလေးအပေါ်ကို သွားပို့ပေးပါဦး...."
ဒေါ်လုံးလက်ထဲက သစ်သီးတွေထည့်ထားတဲ့ဗန်းကို အသာမကာ ယူလာသည်။ မိုးထက်လက်ထဲရှိ ဗန်းထဲတွင် အခွံနွှာပြီးလှလှပပလှီးထားသော ပန်းသီးစိတ်များ၊ သစ်တော်သီးစိတ်များ၊ နဂါးမောက်သီး၊ စပျစ်သီး၊ လိမ္မော်သီး
အစရှိသဖြင့် စုံလင်၍ ပန်းကန်ပြားလှလှလေးများထက်တွင်
သေသပ်စွာ နေရာယူထားကြသည်။
တစ်မနက်လုံးမိုးထက်သည် အပေါ်နှင့်အောက်ကို ခေါက်တုံ့ခေါက်ပြန်ကူး၍ စားပွဲထိုးအဖြစ်တာဝန်ယူရသည်။
လက်တစ်ဝက်ခေါက်တင်ထားသော ရှပ်အကျႌအဖြူသည်ပင် ချွေးတွေနှင့်ကပ်၍ ဝတ်ထားသော ပုဆိုးကိုတောင်မှ ချွတ်ပစ်ချင်လာသည်အထိ နေရတာကျဉ်းကြပ်လှသည်။
တရားနာပြီးရင် အကျႌလဲမည်စိတ်ကူးထားသော်လည်း...
အချိန်ကအဲ့လောက်မရှိ....။ မိုးထက်ရေဆိုသော ဒေါ်လုံးခေါ်သံကြောင့် အပြေးအလွှား လှုပ်ရှားနေရသည်ပင်....။
ပန်းကန်ပြုတ်မကျအောင် ဗန်းကိုသေချာထိန်းရင်း လှေကားပေါ်တက်တော့ ဧကသည်အလယ် လှေကားထစ်နေရာတွင် ထိုင်နေသည်။ မိုးထက်လာသည်ကိုတွေ့တော့ ဘေးဘက်နံရံကိုကပ်၍ နေရာလွတ်အောင်ဖယ်ပေးသည်။
ကျောင်းဝတ်စုံမှလွဲပြီး ပုဆိုးဝတ်တာကို မတွေ့ရတတ်သောကြောင့် ဧက၏ပုံစံသည် ဒီနေ့မှတစ်မျိုးထူးနေသလို...။
အပြာနုရောင်ရှပ်အကျႌလက်ရှည်နှင့် အနက်နှင့်အပြာရင့်ကို ရောစပ်ထားသော ကွက်စိပ်ပုဆိုးတို့သည် ဖြူလွင်သော အသားအရည်နှင့် လိုက်ဖက်လှစွာ...။ သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်တို့က နဖူးပေါ်သို့ ညီညာစွာကျဆင်းနေသည်။