Part 7
7.1K 567 81
"ပြာရောင်......ငါ့ကိုတစ်မျိုးတော့မထင်ပါနဲ့....
ဒါပေမဲ့လေ..ငါကနင့်သူငယ်ချင်းဆိုတော့ ပြောသင့်တာပြောရမှာဘဲ......"
ပြာရောင်ကအအေးပိုက်ကို သူမနှုတ်ခမ်းမှ လွှတ်ချလိုက်ပြီး
သူငယ်ချင်းမလေးအား ကြည့်ကာ သေချာနားထောင်နေသည်။
ပြာရောင်လဲ့နားထောင်နေတာ သေချာတော့မှ သူမကဆက်ပြောသည်။
"မိုးထက်ပိုင်ထူးနဲ့ထူးသစ်စကို နင်ဘယ်လိုမြင်လဲ....."
"ဘယ်လိုမြင်ရမှာလဲ.....
သူငယ်ချင်းတွေလို့မြင်တာပေါ့....."
ထိုကောင်မလေးက သက်ပြင်းရှိုက်ချလိုက်ကာ....
"နင်အဲ့လောက်မရိုးသင့်ဘူးပြာရောင်....
နင်သာမသိတာ...အကုန်လုံးကပြောနေကြတယ်...
သူတို့နှစ်ယောက်ဆက်ဆံရေးက သူငယ်ချင်းထက်ပိုနေတယ်တဲ့...
နင်ကြည့်လေ....ထူးသစ်စနဲ့ပြတ်ခဲ့တဲ့ ကောင်မလေးတွေအားလုံးက အချောအလှတွေချည်း....
ဘာပြဿနာမှမရှိဘဲ ထူးသစ်စကဖြတ်ခဲ့တာ.....
အဲ့တာကလည်း မိုးထက်ကြောင့်တဲ့......"
ပြာရောင်က မယုံကြည်သည့်ပုံနှင့်ကြည့်ကာ ပြုံးလိုက်ပြီး.....
"နင်ကဘာလို့ အဲ့လိုပြောတာလဲ....
ထူးသစ်စ သူ့ရည်းစားတွေနဲ့ပြတ်တာ ကိုနဲ့ဘာဆိုင်လို့လဲ...."
"အေး....ဘာဆိုင်လဲဆိုတော့.....
ပြတ်ရတဲ့အကြောင်းရင်းက ကောင်မလေးတွေနဲ့
အပြင်သွားဖို့ချိန်းတိုင်း မိုးထက်ခေါ်တဲ့အချိန်နဲ့တိုက်ရင်...
ထူးသစ်စက မိုးထက်ကိုဘဲ ဦးစားပေးတာ....
နင်စဉ်းစားကြည့်ဟာ....ချစ်သူထက် သူငယ်ချင်းကို
ပိုဦးစားပေးတာ တစ်ခါနှစ်ခါဆို ဘာမှမဖြစ်ဘူး....
အခုဟာက...အမြဲတမ်းလိုလိုဖြစ်နေတော့ ကောင်မလေးတွေက မိုးထက်နဲ့သူတို့ကို ရွေးခိုင်းတဲ့အခါ ထူးသစ်စက မိုးထက်ကိုဘဲရွေးတယ်တဲ့....
အဲ့တာကြောင့် သူတို့ပြတ်ကြတာ....
မိုးထက်နဲ့ တိုက်ရိုက်မပတ်သတ်ပေမဲ့....
သွယ်ဝိုက်ပြီးတော့ ပတ်သတ်နေတယ်လေ.....
နင်ကသွေးနှောဆိုတော့ ဒီလိုကိစ္စတွေလက်ခံနိုင်ရင်လည်း လက်ခံနိုင်လိမ့်မယ်....ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒီတိုင်း
လွှတ်မထားသင့်ဘူး...ပြီးတော့ မိုးထက်ကိုပါ gayလိုလိုပြောနေကြတာ...နင့်ကိုလည်း coverတွဲထားတာဆိုပြီးပြောနေကြတော့...
ငါကနင့်သူငယ်ချင်းလေ....နင်ကတော့မသိပေမဲ့...
ငါဒေါသထွက်တယ်ဟ....."