Part 26
5.3K 404 66
စိုးရိမ်တကြီးနှင့်အခန်းပေါက်ဝထိ ပြေးလာခဲ့ပြီးမှ တံခါးဖွင့်လိုက်သည့်အချိန် မိုးထက်ပိုင်ထူးတို့ နှစ်ယောက်အား မြင်လိုက်ရသည့်အချိန်တွင် ထူးသစ်စ၏ခြေလှမ်းတို့ တိတိပပရပ်သွားခဲ့သည်။ အမြန်ပြေးလာရ၍ မောဟိုက်နေသော ရင်က ပို၍ပင် တင်းကြပ်လာသလို.....။ တောက်ပလွန်းသော အပြုံးတွေအား ငေးကြည့်နေမိခိုက်...နောက်ဆုံးတော့ မိုးထက်တစ်ယောက် ထူးသစ်စအား သတိပြုမိသွားခဲ့သည်။
"ဟာ.....သစ်စ......
မင်းဘယ်လိုရောက်လာတာလဲ....
လာလေကွာ....အထဲဝင်ခဲ့....."
မိုးထက်ပိုင်ထူး၏ခေါ်သံအဆုံး လှည့်ကြည့်လာသော ကောင်လေးကိုကြည့်ပြီး ထူးသစ်စ မနာလိုဖြစ်သွားမိတာအမှန်....။
မျက်နှာလေးရော၊ ကိုယ်ခန္ဓာကပါ တကယ့်ကလေးလေးအတိုင်း
သေးသေးလေး....။ မျက်လုံးဝိုင်းလေးတွေက ကြည်လဲ့နေပြီး...ထူးသစ်စအား ပြန်ကြည့်နေပုံလေးက တကယ်ကိုချစ်စရာ....။
လူကောင်ကြီးကြီး အရပ်မြင့်မြင့်၊ နှုတ်ခမ်းမွှေးရေးတေးတေးနဲ့ ကြည့်လိုက်တာနဲ့ ဆယ်ကျော်သက်လို့တောင် မထင်ရဘဲ လူကြီးပုံပေါက်နေတဲ့ ထူးသစ်စနဲ့တော့ လားလားမှမဆိုင်လေ....။
မိုးထက်က ထိုကလေးပုံစံလေးကို သဘောကျသည်ပေါ့....
စိတ်ထဲတွေးမိပြီးမှ ရင်ထဲကဆစ်ကနဲနာကျင်လာသလို....။
သို့ပေမဲ့.....လူကတော့ပြုံးပြီး မိုးထက်ဘေးနား ရောက်မိပြီးသား...။
"ဘယ်လိုဖြစ်ရတာလဲ......
ကျောင်းမတက်ဘူးဆိုတာ....ဆေးရုံမှာ အနားယူဖို့လား....
ငါကတော့ ကျောင်းမှာ ဒုက္ခခံနေရတယ်....
မင်းကိုမနာလိုဘူး....ဟျောင့်..."
မိုးထက်ကသဘောကျစွာရယ်သည်။ ထူးသစ်စ စကားတွေကြောင့် သူ့ရဲ့စိတ်က ပို၍ပေါ့ပါးလာသလို....။
"မနာလိုရင်...ငါ့လိုလာလှဲနေလေ.....
မင်းခေါင်းကို ပုလင်းနဲ့ရိုက်ပေးမယ်....
ဧက အကို့ကိုပုလင်းသွားယူပေး....."
"ဗျာ.........."
ဧကသည် မျက်လုံးလေးပြူး၍ မိုးထက်ပိုင်ထူးအား စိုက်ကြည့်နေလေသည်။ သူ့စိတ်ထဲ မိုးထက်နောက်နေသည်ကို
အတည်ထင်နေပုံရသည်။