Part 42
5.3K 409 140
နီထွေးစွတ်စိုနေသော နှုတ်ခမ်းလွှာလေးဆီမှ ပြန်ခွာမိသည့်အချိန်တွင် ကြည်နူးပီတိဖြစ်ခြင်းများစွာနှင့် နှမြောတသစိတ်တွေသည် ယှက်နွယ်၍ ခန္ဓာကိုယ်အနှံ့အပြားဆီမှ ပေါ်ထွက်လာကြသည်။
ခန္ဓာကိုယ်တွင်းမှ နွေးထွေးသောအပူလှိုင်းတစ်မျိုး ဖြတ်သန်းစီးဆင်းနေသည်ကို ခံစားသိရှိလိုက်ရသည့်ဧကမှာ
မိုးထက်မျက်နှာအား စေစေ့မကြည့်ရဲ...။ အပူငွေ့နွေးနွေးကြောင့် မျက်နှာတစ်ခုလုံးနီရဲနေတော့မည့် အဖြစ်ကို တွေးမိ၍ ခေါင်းငုံ့ထားလိုက်သည်။
"သိလားဧက....
လူတွေရဲ့လောဘက လုံးဝအတောမသတ်နိုင်တာမျိုး...
မရခင်တုန်းက ဒီလောက်လေးပဲကျေနပ်ပါပြီ ဘာညာ...
ပြောနေပေမဲ့...တကယ်ရပြန်တော့လည်း...ဒီ့ထက် ပိုလိုချင်ကြပြန်တာ...
အကိုလည်း လူတွေထဲကလူတစ်ယောက်ပဲ...
ဘယ်လောက်ပဲ ဧကမျက်နှာလေးမြင်နေရရင်
ကျေနပ်ပါပြီလို့ ရေရွတ်နေပေမဲ့...တကယ်တမ်း
မြင်နေရတဲ့အခါကျ...ဒီတိုင်းငေးကြည့်နေရုံနဲ့
မလုံလောက်တော့ဘူး....ထွေးပွေ့ထားချင်တယ်...
လွှတ်ထွက်မသွားအောင် အခုလိုမျိုးလေး...."
ပို၍တင်းတင်းကြပ်ကြပ် နီးကပ်စေလိုက်တဲ့အခါ...
မျက်မှန်အကူအညီနှင့် စိပ်စိပ်ကလေးရှည်သွယ်လှပနေသော မျက်တောင်လေးများ တဖျတ်ဖျတ်ပုတ်ခတ်သွားသည်ကို အနုပညာဆန်စွာတွေ့မြင်လာရသည်။ တမြတ်တနိုးငေးကြည့်မိမှ ထင်ရှားမြင်သာစွာပေါ်ပေါက်
လာသော မျက်ဝန်းကြည်ကြည်လေးတွေထဲတွင် မိုးထက်၏ပုံရိပ်မှုန်ဝါးဝါးသည် မှန်တစ်ချပ်လို ထင်ဟပ်နေသည်။ ခပ်ဟဟပွင့်နေသော သွေးရောင်လွှမ်းသည့် နှုတ်ခမ်းအိအိလေးကို နယ်ချဲ့ချင်စိတ်တွေကလည်း တဟုန်ထိုး များပြားလာပြန်သောအခါ..ဆန္ဒကိုချုပ်ထိန်း၍..
နဖူးချင်းထိကာ နှာဖျားအချင်းချင်းခပ်ဖွဖွထိတွေ့ရင်းသာ အသက်ရှူသံတွေ ဖလှယ်လိုက်ကြသည်။
နှလုံးသားနုနုလေးဆီက ပဲ့တင်သံတွေကို စိတ်မှန်းနှင့် မှန်းဆနားထောင်ရင်း ကျေနပ်စွာပြုံးမိတော့...
ဒီလိုအချိန်အခိုက်အတန့်လေးကို ရပ်ထားချင်စိတ်တွေက
တဖြည်းဖြည်းပေါ်ပေါက်လာသည်။