အမုန်းသင့် ဧကရာဇ် (အပိုင်း-၃)
@@@@@@@@@@@@@@
'ဒီကောင်မစုတ်လေး သေတော့မယ်..'
ထိုသို့ ကြိမ်းဝါးလိုက်တာကို ကြားလိုက်ရပြီး ရန်ချီ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားမိ၏။ ~ရှောင်နန်က အပြစ်သားလား..~
ထိုအိမ်ရှေ့မင်းသား ထွက်သွားပြီးမှ ရှောင်နန် ပြေးထွက်သွားသော အလင်းရောင်မရှိသော နန်းဆောင် အတွင်းသို့ ပြေးဝင်ခဲ့လိုက်သည်။ နန်းဆောင်အကွယ်သို့ အရောက်တွင်..
'မင်း ဘာလာလုပ်တာလဲ..'
သူမက ထိုအကွယ်လေးတွင် ပုန်းနေပြီး သူ့လက်ကို ဆွဲခေါ်ကာ အနောက်သို့ တိုးဝင်၏။ ပြီးမှ..
'သွားပြီလား..'
သူ ခပ်မြန်မြန် ခေါင်းညိတ်လိုက်ပြီးမှ..
'အင်း သွားလိုက်ပြီ မင်းကို ဖမ်းမလို့လား မင်းက ဘာလို့ ဒီလို နန်းတော်ထဲမှာ လျှောက်ပြေးနေတာလဲ.. သူက မင်းကို တစ်ခုခု လုပ်တော့မှာလား..'
ရှောင်နန် ပြုံး၍ ခေါင်းခါယမ်းလိုက်ပြီးမှ..
'မဟုတ်ဘူး.. ငါ့ကြောင့်မို့ သူက အပြစ်ပေးခံထားရတာလေ အဲ့တာကြောင့်.. ငါ့ကို ဆူမလို့ လိုက်ရှာနေတာ..'
'ထင်ပါတယ် မင်းပုံစံက အပြစ်ပေးခံရတာနဲ့လည်း မတူပါဘူး.. မင်းက နန်းတော်ထဲမှာ လျှောက်ပြေးနေတာ ဆိုတော့ မင်းက ဒီနန်းတော်ထဲမှာ တစ်ခုခုပဲ..'
'ငါက.. ငါကလား..'
ရှောင်နန် မျက်တောင်လေး တဖျတ်ဖျတ် ခတ်သွားပြီးမှ..
'ဟုတ်တာပေါ့ ငါက နန်းတော်ထဲမှာ အသန်မာဆုံး မိန်းကလေးလေ.. ဒီနေ့ဆိုရင် ငါက ပန်းအိုးနှစ်လုံးတောင် မနိုင်တယ်.. ထားလိုက်ပါ ဒါတွေ မင်းသိမှာ မဟုတ်ပါဘူး.. ဒါနဲ့ မင်းနာမည်က..'
'ရန်ချီ.. ရှောင်ချီလို့ ခေါ်လည်း ရတယ်..'
'ရှောင်ချီ ဟုတ်လား.. ငါ့မောင်လေး နာမည်က ရှောင်ချီး.. မင်းက သူနဲ့လည်း မတူပဲနဲ့ နာမည်က ဆင်နေတယ်.. ငါသွားတော့မယ်..'
'ခဏလေး!!..'
'ဘာလဲ.. နောက်ကျရင် ငါ့အမေ ငါ့ကို သတ်မှာ..'
![](https://img.wattpad.com/cover/168169424-288-k93283.jpg)
YOU ARE READING
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
General Fictionရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni