အပိုင်း-၄၃

1.3K 102 10
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၃)

@@@@@@@@@@@@@@@

'ငါ မင်းကို အရမ်း လွမ်းတယ်..'

ည၏ လေညင်းက အေးခနဲ စိမ့်ခနဲ တိုက်ခတ်လာသည်။ ဆောင်းဝင်စမို့ လေကလည်း အေးလွန်းလှသည်။ သို့သော်.. ရှောင်နန်.. နွေးထွေးသော ရင်ခွင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီး..

'အာ.. ရှင် ခုနကလို..'

ရှောင်နန်၏ စကားက တစ်ဝက်တစ်ပြတ်နှင့် ရပ်တန့်သွားသည်။

ဒီတစ်ကြိမ်တွင်တော့ ရန်ချီက ပုခုံးလေးကိုသာ.. အတင်းချုပ်ထားလိုက်ပြီး.. တစ်ကြိမ်တစ်ခါက ကြံရွယ်ဖူးသော ကြာပန်းငုံကလေးပေါ်သို့..၊ သူမက ခေါင်းလေးကို တစ်ခြားဘက်သို့ လှည့်သွားပြီး.. သူ့အား ရပ်တန့်စေလိုက်သည်။ ပြီးတော့..

'ဖတ်..'

သူ့ပါးပြင်ပေါ်သို့ အနည်းငယ် စပ်ဖျဉ်းဖျဉ်းနိုင်သော ခံစားချက်က ဖြစ်ပေါ်လာသည်။ သူမ တကယ်ကြီး သူလို သုံးနိုင်ငံ ဧကရာဇ်ရဲ့ ပါးကို ရိုက်လိုက်တာပဲ..၊ ဘယ်နေရာမှာ မဆို ပုန်းနေနိုင်သော သူ့ ညကိုယ်ရံတော်တွေကို တွေးမိတော့.. သူမကို ဖက်ထားမိသည့် လက်ကို ဖြည်ချလိုက်မိသည်။ မယုံနိုင်သေးသော ဟန်ပန်ဖြင့်.. သူမကို မေးလိုက်မိသည်။

'မင်း တကယ်ပဲ ငါ့ကို ရိုက်ရဲတယ်..'

သူမက သူမကိုယ် သူမ အနည်းငယ်မျှ ပြုပြင်လိုက်ရင်းဖြင့်..

'ငါ မင်းကို မရိုက်ရဲစရာ ဘာရှိပဲ ငါက ညန်းအမတ်ရဲ့ သမီး.. ပြီးတော့.. ခုနတုန်းက ငါပြောတယ်လေ.. ငါက နန်းတော်က အပျိုတော် မင်းက နန်းတော်ရဲ့ စောင့်ရှောက်သူ.. မရိုမသေ မလုပ်မိစေနဲ့.. မင်းရဲ့ အဲ့ဒီမကောင်းတဲ့ အမူအကျင့်တွေ ရပ်သွားအောင်.. ဒါက သတိပေးတာပဲ ရှိတာ.. အရမ်းလည်း နာတာ မဟုတ်ဘူး.. မဟုတ်ရင် မင်း နန်းတော်မှာ စောင့်ရှောက်သူ မဟုတ်ပဲ မိန်းမစိုး ဖြစ်သွားမယ်..'

သူမက သူ့ကို ရိုက်ရန် အကြောင်းပြချက်တွေ ပြောထွက်လာ၏။ သူမက သူ့အား အလွန်ရင်းနှီးသွားသော ဟန်ပန်ဖြင့် ငါတွေ မင်းတွေ ဖြစ်သွားတာကို သူသတိထားမိသော်လည်း.. သူမ၏ အကြောင်းပြချက်များက မှန်ကန်နေသဖြင့် ရန်ချီ ပြောရန် စကားတွေ အနည်းငယ်မျှ ပျောက်ဆုံးသွားသလို ခံစားရသည်။ ပြီးမှ..

အမုန်းသင့်ဧကရာဇ် (The Hated Emperor)حيث تعيش القصص. اكتشف الآن