အပိုင်း-၈၃

1.7K 158 5
                                    

အမုန်းသင့်ဧကရာဇ် (အပိုင်း-၈၃)

@@@@@@@@@@@@@@

ကလေးလေး မွေးလိုက်တာနဲ့ သူမဆီမှာ ရှိသမျှ အားတင်းထားခြင်းတွေက ပျက်ပြယ်သွားတဲ့အလားပင်၊ မနေ့ကနဲ့ ဒီနေ့လေးမှာတောင်မှ သူမက ပျော့ခွေနေလေသည်။ ဒီလိုနဲ့ သူမက ရှင်သန်ဖို့ကို လက်လျော့လိုက်တော့မလား၊ ရန်ချီ စိတ်ပူပန်မိသည်။

သူမက အမှန်တကယ်ကိုပဲ လက်လျော့လိုက်သည်ဟု မှတ်ထင်ရမလောက်ပင် ငြိမ်သက်သွားသည်။ ငြိမ်သက်ခြင်းက သူမ၏ မူမှန်ပုံစံပါ ဆိုလျှင်တောင်မှ သူမ၏မူပိုင်ငြိမ်သက်ခြင်းတွင် ထက်ရှနိုင်သော ရေခဲချွန်တို့ ပါဝင်နေနိုင်သော အေးစက်ငြိမ်သက်ခြင်း ဖြစ်လေသည်။ အခုတော့ သူမသည်က အားနည်းသွားသော အသွင်ကို ဆောင်သည်။

သူမအတွက် ရှင်သန်နေရတာ အဓိပ္ပါယ်တစ်ခုမှ မရှိတော့သလို ပြုမူနေခြင်းက ရန်ချီကို များစွာ ပူပန်စေသည်။ သူမကို အလွန်အမင်း ဂရုစိုက်ပါက သူမသည် သူမကိုယ်သူမ ပိုပြီး မုန်းတီးသွားမည်ကို စိုးရိမ်မိသည်။ လအတော်ကြာသည်အထိ သူမအား စောင့်ကြည့်ခိုင်းစေသော်လည်း သူမသည် ကိုယ်တိုင် မွေးထားသော သားကို ချောင်းကြည့်တာမျိုး လိုလားတာမျိုး အလျဉ်းမရှိသလိုပင်၊

သူမအား အခါတိုင်းလို ပြောဆိုလျှင်ပင် သူမသည်က ရန်ချီ၏ ဆိုစကားအား လျစ်လျူရှုပစ်သည် တုန့်ပြန်ခြင်း မရှိပေ။ တစ်ရက် မယ်တော်နှင့် ဆုံပြီး မယ်တော်က စုန်းမဟု ဆိုပြီး ရေနွေးဖြင့် ပက်သည်ကို သူမက ငြိမ်သက်စွာဖြင့် ပြုံးခြင်း ရယ်ခြင်း မဲ့ခြင်း မရှိပါပဲနှင့် လှည့်ပြန်ခဲ့သည်ဟု ကြားရသည်။

သူမထံသို့ သွားတော့ သူမက ရန်ချီကို မြင်သည်နှင့် တစ်ချက်မျှသာ ကြည့်လာပြီး သလွန်ထက်တွင် ခြေဆင်းလျက် ထိုင်နေရာမှ တခြားဖက်သို့ မျက်နှာလွဲသွားသည်။ ရန်ချီ သူမအနားထိ တိုးသွားပြီးမှ

'မင်း နေ့တိုင်း နန်းဆောင်ထဲမှာပဲ နေနေတာ နန်းတော်အပြင် မသွားချင်ဘူးလား'

'သွားချင်တယ်၊ လျန်စစ်တောင်ပေါ်က ပန်းတွေ ရှိတဲ့နေရာကို ပြီးတော့ ကွမ်းမိန်တောင်ပေါ်ကနေ ပန်းတွေ တစ်တောင်လုံး ပွင့်နေတာကို ကြည့်ချင်ပါတယ်'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora