အပိုင်း-၁၃

1.5K 120 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၁၃)
@@@@@@@@@@@@@@

'မင်းသားငယ် စူးမာရှောင်အယ်နှင့် လီဝေ စစ်သူကြီး၏ ဒုတိယသား.. လီဝမ်.. တို့အား မင်းသားငယ် အသက် ဆယ့်ခြောက်နှစ်တွင် လက်ဆက်ရန် အမိန့်ချလိုက်သည်.. ပျောင်းမင်းကြီး အမိန့်တော်!!..'

လီဝမ်က ဝုန်းခနဲ ခုန်ထလိုက်ပြီးလျှင်..

'ဒါ မဖြစ်နိုင်ဘူး!!..'

ရှောင်နန် မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွား၏။ ပြီးမှ..

'ဒါက မင်းကြီးရဲ့ အမိန့်တော်ပဲ.. လီဝမ် မင်းက အာခံချင်တာလား..'

ထိုအခါမှ လီဝမ်က ဒူးပြန်ထောက်လိုက်ပြီး..

'မင်းကြီးရဲ့ သဘောထား ကြီးမြတ်မှုကို ကျေးဇူးတင်ပါတယ်..'

ရှောင်နန် ပျော်ရွှင်စွာ ခုန်ပေါက်နေမိတော့သည်။

'အခုကစပြီး ရှောင်အယ် မင်း မိန်းကလေးတွေကို မေ့လိုက်တော့ မင်းယူရမယ့်သူက လီဝမ်ပဲ အဲ့တာဆို မင်း နန်းတော်ထဲကနေ ထွက်ဖို့ မလိုတော့ဘူး..'

ရှောင်အယ်က သူမအား နားမလည်သလို မော့ကြည့်လာပြီး..

'အစ်မတော်.. ဒါက ဘယ်လို အမိန့်ကြီးလဲ.. ရှောင်အယ် ခမည်းတော်ကို သွားမေးအုံးမယ်.. ရှောင်အယ် နားမလည်ဘူး..'

ထိုအခါ.. ရှောင်နန် အလောတကြီးဖြင့် ရှောင်အယ်၏ လက်ကို ဆွဲလိုက်ပြီး..

'ခမည်းတော် မအားဘူး.. ခမည်းတော် အမတ်မင်းတွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်.. ပြီးတော့.. ငါတို့ နှစ်ယောက်ကို ခမည်းတော်က ကျောင်းပို့တော့မယ်တဲ့.. တကယ်လို့ မင်းသွားမေးလိုက်လို့ ခမည်းတော်က ဒေါသထွက်ပြီး ကျောင်းကို မပို့တော့ရင်.. မင်း နေခဲ့မှာလား..'

'မနေခဲ့ဘူး..'

သူမ၏ အကြံအောင်မြင်သွား၍ ရှောင်နန် ပျော်ရွှင်စွာဖြင့် ကျောင်းသွားဖို့သာ တွေးလိုက်သည်။

နောက်တစ်ရက်တွင် နန်းတော်မှ အထိန်းတော်လုံနှင့် ကျောင်းသွားရန် ပြင်ဆင်ရပြီး ကွမ်းမိန်ကျောင်းသို့ သွားရသည်။ ထိုကျောင်းက ပျောင်းပြည်နယ်တွင် သာမက တခြားသော ဒေသများမှ နယ်နမိတ်များမှ ကျောင်းသားတွေပါ တက်ရောက်ရသော ကျောင်းဖြစ်သည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora