အမုန်းသင့် ဧကရာဇ် (အပိုင်း-၆)
@@@@@@@@@@@@@@
'ခမည်းတော် သားတော်.. စစ်ထွက်ပါရစေ!!..'
ခမည်းတော်က သူ့ကို မျက်နှာလွဲလိုက်ရင်းမှ..
'မင်းက ငယ်သေးတယ်.. စစ်မြေပြင်က ပြေးလွှားဆော့ရတဲ့ နေရာ မဟုတ်ဘူး..'
ခမည်းတော် ထံမှာ စစ်ထွက်ဖို့ တောင်းဆို ခြင်းက ကျရှုံးခဲ့လေ၏။ သို့သော် သူ လက်မလျော့နိုင်ပါ။ မယ်တော်အတွက် ကလဲ့စားချေဖို့ကို ညီလာခံတွင် ငြင်းပယ်ခံရမှုအတွက် သူ့မှာ ထပ်ပြီး ကြိုးစားဖို့ အစီအစဉ်တွေ အများကြီးကို တစ်ဆင့်ချင်း တွေးတောထားပြီးသား ဖြစ်သည်။
@@@@@@@@@@@@
လွီဖူမိဖုရားကြီး၏ နန်းဆောင် အတွင်းတွင် အပျိုတော်များ နန်းဆောင် အပြင်သို့ ထွက်နေပြီး.. နန်းဆောင် အတွင်းတွင် မင်းသားငယ်မှ ငြိမ်သက်စွာ ထိုင်နေသည်။ အနီရောင် ဝတ်စုံဖြင့် သေသပ်နေသော်လည်း မသေမသပ် ဖြစ်နေခြင်းက စားပွဲပေါ်ရှိ စားပွဲခင်းအား လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင် ထားခြင်းကြောင့်ပင် ဖြစ်၏။
'ရှောင်ချီ.. မင်း မယ်တော်ကို ပြောဖို့ ရှိတာ ဆိုရင် ပြောပါ..'
ရေနွေးခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလျက်မှ လွီဖူက ခပ်တိုးတိုး ပြောသည်။ ထိုအခါမှ မင်းသားငယ်က.. ခေါင်းမော့လာကာ..
'မယ်တော်.. သားတော် ဒီထက်ပိုပြီး ရင့်ကျက်မှုကို လိုချင်တယ်.. ပြီးတော့ ဒီထက်ပိုပြီး ကြီးမားတဲ့ အာဏာကို လိုချင်တယ်..'
တည်ကြည် ပြတ်သားစွာ ပြောနေသော ရှောင်ချီကို လှမ်းကြည့်နေရင်းမှ လွီဖူ လက်အတွင်းတွင် ဖွဖွလေး ကိုင်ထားသော ရေနွေးခွက်ကို ချလိုက်ရသည်။ ပြီးမှ..
'မင်းက တကယ်ပဲ အာဏာကို လိုချင်တာလား..'
'မယ်တော်.. သားတော် သားတော်ရဲ့ အမေအရင်းအတွက် တရားမျှတမှုကို လိုချင်တယ်.. အဲ့ဒီအတွက် မယ်တော် သားတော်ကို ထောက်ပံ့ပေးပါ..'
'မင်း တော်တော် အတင့်ရဲပါလား ရှောင်ချီ..'
'မယ်တော်ရဲ့ ထင်မြင်ချက်ကို သားတော် မတားပါဘူး ဒါပေမယ့် သားတော်ဆီမှာ လုံလောက်တဲ့ အရည်ချင်း ရှိတယ်လို့ မယ်တော် သတ်မှတ်တယ် ဆိုရင်.. သားတော်ကို ထောက်ပံ့ပေးပါ..'
![](https://img.wattpad.com/cover/168169424-288-k93283.jpg)
أنت تقرأ
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
قصص عامةရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni