အပိုင်း-၄၇

1.3K 85 3
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၇)

@@@@@@@@@@@@@@@

မလာနဲ့ဆို၍ မေ့ဖုန်း ခြေလှမ်းတွေ ရပ်လိုက်မိသော်လည်း.. ရှောင်ကန်းက အနားသို့ တိုးလာကာ.. သူမအား ဆွဲချပစ်လိုက်သဖြင့်.. ရင်ခွင်အတွင်းသို့ ထွေးခနဲ ရောက်ရှိသွားတော့၏။ ထို့နောက် အသိစိတ်ပျောက်လုနီးပါး ရှောင်ကန်းသည် နူးညံ့လှသော ဂွမ်းဆိုင်တွေ အလယ်တွင် မနှစ်မြုပ်စေရန် ကူးခတ်နေသည့် အိပ်မက်ကိုသာ မက်နေမိလေတော့သည်။

မီးမှိတ်သွားပြီ ဆိုမှ ထိုနန်းဆောင်အရှေ့မှ လှည့်ထွက်လာပြီး.. ရန်ချီ ပြုံးလိုက်မိသည်။

~~မင်းရဲ့ ဘဝကို မင်းပိုင်ဆိုင်ဖို့ မပြောနဲ့ မင်းရဲ့တစ်ညတာကို ဒီအစ်ကိုက ဘယ်လို ပြုလုပ်လို့ ရတယ် ဆိုတာကို မင်းနားလည်သွားရင် အစ်မတော်ကို ရင်းနှီးရကျိုး နပ်သွားတာပေါ့ ကန်းအော်..~~

@@@@@@@@@@

မထင်ထားလောက်အောင် ယုတ်ညံ့လွန်းသော ထိုတစ်ည၏ အဆုံးသတ်တွင်.. မနှစ်သက်နိုင်သော မိန်းကလေး တစ်ဦး၏ ဘေးတွင် ရှောင်ကန် နိုးထလာခဲ့ရသည်။ သွေးချင်းချင်း နီနေသော လက်များတွင် ခြောက်ကပ်နေပြီး ဖြစ်သော သွေးတို့က သူ့ကို လှောင်ပြောင်နေကြ၏။

မနေ့ညက.. သူ အစ်ကိုတော်တိုက်ထားတဲ့ ဆေးကို လွန်ဆန်ဖို့ ကြိုးစားရာမှ.. ရရှိလာသော လက်မှ ဒဏ်ရာများက သူ့ကို ဟားတိုက် ရယ်မောနေသလို ခံစားရသည်။

~~သူ မတွန်းလှန်နိုင်ခဲ့ဘူး..၊ သူ့လက်တွေကို ဓားမြောင်နဲ့ ထိုးခြစ်တာတောင်မှ သွေးတွေ တစ်တောက်တောက် ကျလာတာတောင်မှ.. သူ ကျရှုံးသွားခဲ့တယ်..၊ ဒါက သိပ်ကို ရင်နာဖို့ ကောင်းတယ်..၊ သိပ်ကို နာကျင်ဖို့ ကောင်းတယ်..၊ နောက်ဆုံးမှာ ညည်းညူသံ တစ်ချက်ကလေးတောင် မပြုလုပ်နိုင်ပဲနဲ့ အစ်ကိုတော်ရဲ့ အစီအစဉ်အတိုင်း စီးမျောမိခဲ့တာက.. သိပ်ရှက်ဖို့ ကောင်းလွန်းတယ်..၊~~

ဒီအခန်းကနေ ထွက်သွားပြီးတာနဲ့ သူ့မှာ အိမ်ရှေ့စံ မိဖုရား တစ်ဦးက ရှိပြီးသွားပြီ။ ရှောင်နန်ကို လက်ထပ်မယ် ဆိုရင်တောင်မှ ပထမဆိုတဲ့ နေရာကို မရနိုင်အောင်.. အစ်ကိုတော်က သေချာကို စီမံထား၏။ နောက်ဆုံးတော့.. သူ ကုတင်ပေါ်ကနေ ဆင်းလိုက်ပြီး.. ခါးစည်းကြိုးပြေနေတဲ့.. အင်္ကျီကို သေသပ်အောင် ပြုပြင်လိုက်သည်။ ဘေးနားမှာ အိပ်ပျော်နေဆဲ.. တစ်ချိန်က တစ်ဝမ်းကွဲအစ်မတော်.. အခုလက်ရှိမှာတော့ အိမ်ရှေ့စံ၏ တော်ဝင်မိဖုရားကို တစ်ချက် ငုံ့ကြည့်လိုက်မိသေး၏။ ပြီးမှ ခပ်တိုးတိုး ဆိုမိသည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now