အမုန်းသင့် ဧကရာဇ် (အပိုင်း-၁၄)
@@@@@@@@@@@@@@
'ကျောင်းရန်ချီ အတင့်ရဲပြီး မြောင်မိဖုရားကြီးနှင့် တွေ့ဆုံဖို့ ခွင့်တောင်းပါရစေ'
သူတောင်းဆို လိုက်တာကို မောင်နှမ နှစ်ယောက်လုံး မျက်နှာ ပျက်သွားပြီးမှ
'မယ်တော်က မင်းနဲ့ တွေ့ဖို့ အဆင်သင့် မဖြစ်သေးဘူး ရန်ချီ'
တွေးထားလိုက်မိသည့် အတိုင်း မြောင်မိဖုရားကြီးက ဝိန့်ရီနှင့် သူ့ကို မလိုလားဘူး ဆိုသော အတွေးတစ်ခုက ခိုင်မာသွား၏။ မြောင်ခွမ့်က တစ်ခုခုကို ပြောဆို လိုက်ရမှာ အားနာနေဟန် ဖြစ်သော်လည်း ဝိန့်ရီက သူ့ကို ဖြေသိမ့်ပေးလိုက်သော ဟန်ပန်ဖြင့် အနားသို့ တိုးလာပြီး
'ရန်ချီ စိတ်ထဲမှာ ဘာမှ မထားပါနဲ့ မယ်တော်က ဒီနိုင်ငံရဲ့ မိခင် မဟုတ်လား အားလုံးက လိုက်လှဲနေတယ် ဆိုတာကို မဖြစ်စေချင်တဲ့ သဘောနည်းနည်း လောက် ရှိရုံလေးပါ ကျွန်မ နည်းနည်းလောက် နားချလိုက်ရင် ပြေလည်သွားမှာပါ ဒီနေ့မှ ရောက်တာ မဟုတ်လား အနားယူလိုက်ပါအုံး'
တင်းမာမှုကို ဖြေရှင်းခြင်းက ကိုယ်ဖြစ်ချင်တာကို ဇွတ်ပြောဆို တောင်းဆိုခြင်း မဟုတ်မှန်း ညီလာခံတက် မင်းသား တစ်ပါး အနေနှင့် သူ သိနှင့် နေပြီးသားမို့ ဝိန့်ရီ ပြောတာကို ခေါင်းညိတ် လက်ခံလိုက်သည်။
'ကောင်းပြီ မင်းစကားကို နားထောင်လိုက်မယ် ဝိန့်ရီ'
သူ ဘက်က ကြည်သာစွာ လက်လျော့သွားတာကို မြောင်ခွမ့်က သဘောတကျနှင့်
'ငါ့အမေက ဒီနန်းတော်ထဲကို ဝင်လာကတည်းက မိဖုရားကြီး ဆိုတဲ့ နေရာကို ဘယ်သူ့မျက်နှာမှ မကြည့်ပဲနဲ့ ချက်ချင်း ရထားတာ ပြီးတော့ ခမည်းတော်ရဲ့ ငယ်မယားလည်း ဖြစ်တော့ သူ ဒီလို နည်းနည်း ပါးပါး ကန့်ကွက်တာက ဖြစ်သင့်တယ် မဟုတ်လား'
ရန်ချီ တစ်ချက်မျှသာ ပြုံးလိုက်ပြီးမှ
'သေချာပေါက် ကန့်ကွက်တာ ဖြစ်သင့်တယ်လို့ ရန်ချီ တွေးမိပါတယ် ဝိန့်ရီ စိတ်မချမ်းမသာ ဖြစ်မှာ စိုးတာသာ မဟုတ်ရင် မြောင်မိဖုရားကြီးကို ရန်ချီ အချိန်ကြာကြာ သည်းခံ စောင့်ဆိုင်းနိုင်ပါတယ်'
YOU ARE READING
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
General Fictionရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni