အပိုင်း-၅၅

1.4K 106 2
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၅၅)

@@@@@@@@@@@@@@@

'ကျွန်မ ကျောင်းကို ပြန်ရမယ်.. ရှောင်ကန်းကို ကယ်ရမယ်..'

သူမ၏ အပြုံးချိုချိုတို့ ထောင့်စွန်းတွင် မည်းညစ်နေသော သွေးစတို့က နှုတ်ခမ်းမှ စီးကျလာတော့၏။ နောက်ဆုံးတွင် ယောင်းလု အံကြိတ်လိုက်ရပြီး..

'ဖောင်ကို ပြန်ကွေ့မယ်!!..'

ယောင်းလု၏ အသံက ရှောင်နန်၏ နားစည်အတွင်းသို့ ရိုက်ခတ်သွားပြီး ရှောင်နန် ကျေနပ်စွာ ပြုံးလိုက်ကာ.. ဒူးတွေ ညွှတ်ခွေလျက် လဲကျမေ့မျော သွားတော့၏။

ယောင်းလု မေ့မျောနေသော ထိုမိန်းကလေးကို ယောင်းလု ဖောင်သမားတွေနဲ့ ထည့်ပြီး ရှန်းမြို့တွင်းသို့ ထည့်ပြီး မလွှတ်လိုက်နိုင်တာနဲ့ပဲ.. မြို့တွင်းကို သူပါ ဝင်လာခဲ့လိုက်ရသည်။ ဒီတော့ သူမကို သယ်ယူလာပြီး ဆေးဆရာ ရှာကာ ကုသစေရသည်။

သို့သော် သိပ်မကြာမှီမှာပင် ရှန်းမြို့တွင်းမှာ ယောင်းလု ရှိနေတယ် ဆိုတာကို ရန်ဘုရင်မှ ရှာဖွေတွေ့ ရှိသွား၏။ ထို့ကြောင့်.. ယောင်းလုဟာ ဆေးဆရာ အိမ်ကနေ လျင်မြန်စွာ ထွက်ပြေး သွားရတော့သည်။ သူမကတော့ သူမ ဖြစ်ချင်သည့် အတိုင်းပင် ရန်ဘုရင်၏ စောင့်ရှောက်မှု အောက်သို့ ကျရောက်သွား၏။

ယောင်းလု စိတ်ပျက်စွာ သက်ပြင်းချရင်း ရှန်းမြို့တွင်းမှ ထွက်ခွာရန်သာ လမ်းကြောင်း ရှာမိတော့သည်။ ဆရာချန်ရှန့် ပြောဖူးသော စကားတချို့ကို သတိတရ ဖြစ်မိသည်။

~ကံတရားကို မင်း တားဆီးလို့ မရဘူး ယောင်းလု.. အဲ့တာကြောင့် မင်းဖြစ်ချင်တာကို လုပ်ပါ.. မင်းကြီး အနားမှာ မနေချင်တော့ဘူး ဆိုရင်လည်း ထွက်သွားလိုက်.. မင်း ဖြစ်ချင်တာကို လုပ်တော့ ယောင်းလု..~

နောက်ဆုံးလို့ ဆိုပြီး ယောင်းလု လုပ်ပေးခဲ့သမျှက အဖတ်မတင်မှတော့ ကျောင်းနန်းတော်သို့ ပြန်သွားရန် အစီအစဉ် မရှိတော့ပဲ လိပ်ပြာတောင်ကြားသို့သာ သွားရန် တွေးတော လိုက်တော့သည်။

~နှုတ်ဆက်ပါတယ် ကံမကုန်သေးရင်တော့ ပြန်ဆုံကြမယ်..~

@@@@@@@@@

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now