အပိုင်း-၃၂

1.4K 93 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၂)

@@@@@@@@@@@@@@

သူမ ထွက်သွားတဲ့ဆီကို ငေးကြည့်နေဆဲ မင်းကြီးအနားသို့.. ကျာအန်းက.. မုန်ဗန်းဖြင့် တိုးလာပြီး..

'ဒီမိန်းကလေး တကယ်ကို အကြောက်အလန့်မရှိဘူး..'

ကျာအန်းက ထိုသို့ ပြောတော့.. ရန်ချီ ခေါင်းညိတ်လိုက်မိသည်။

'ဟုတ်တယ်.. သူမက လုံးဝ မကြောက်ဘူး.. စိတ်ဝင်စားဖို့ ကောင်းတယ်..'

ကျာအန်းက တိတ်ဆိတ်စွာ မင်းကြီးအား ငေးကြည့်နေမိတော့၏။ မုန့်ပန်းကန်အတွင်းမှ မုန့်တွေကို မင်းကြီးမစားခင် အဆိပ်ပါမပါ စစ်ဆေးပြီးမှ.. စမ်းသပ် စားသောက်လိုက်သေးကာ.. မင်းကြီး၏ အရှေ့သို့ ချပေးလိုက်သည်။ မင်းကြီးက မုန့်တစ်ခုကို ကောက်ယူကာ စားလိုက်ပြီးမှ..

'ဒီအရသာက မဆိုးဘူး.. ဒါပေမယ့် ညီတော် ရှိတုန်းကဆို ညီတော်က သူ့ရဲ့ လက်ရာကို ငါကိုယ်တော်ကို အမြဲတမ်း ကြွားဝါလေ့ ရှိတယ်.. ငါကိုယ်တော် မလုပ်နိုင်တဲ့ အရာကို သူလုပ်နိုင်တာကို သူအရမ်း ဝံ့ကြွားတတ်တယ်..'

ကျာအန်း ရင်ထဲမှာ စိတ်မကောင်း ဖြစ်သွားမိသည်။ မင်းကြီးသည် မရှိတော့ပြီ ဖြစ်သည့် အိမ်ရှေ့မင်းသားကို တမ်းတမိနေပြန်သည်။ မုန့်တစ်ခုကို နှုတ်ဖျားမှ ဝါးနေရင်းဖြင့် မင်းကြီးက.. ထျောင်နယ်စပ်ရှိ စစ်စခန်းသို့ စာလွှာပေးပို့ရင် ညကိုယ်ရံတော် တစ်ဦးအား စေခိုင်းလိုက်သည်။

'ကျာအန်း.. ငါကိုယ်တော် စစ်ကို သိပ်ပြီး မနှစ်သက်လှဘူး.. ဒါပေမယ့် ကျောင်းကို မလေးမစား ပြုမူဖို့ သူတို့ကို ဘယ်သူက စေခိုင်းတာလဲလို့ပဲ မေးဖို့ ရှိတော့မယ်.. ငါကိုယ်တော်က ငယ်ရွယ်တယ်.. နန်းတွင်းနဲ့ တိုင်းပြည်အပါအဝင် ညီလာခံနဲ့ စစ်ရေးကို မထိန်းသိမ်းနိုင်ဘူးလို့ ထင်မှတ်နေမှတော့.. ငါကိုယ်တော်က ဘာလို့ ပုန်းနေရမလဲ..'

မင်းကြီးက စစ်တိုက်ဖို့ကို စိတ်အား တက်ကြွနေသလို ရှိ၏။ ထိုသို့ ပြောလာတော့လည်း မင်းကြီး၏ ရာဇမာန်ကို ဘယ်သူကြောင့်မှ ထိပါးခွင့် မပြုနိုင်မှန်း ကျာအန်း သိလိုက်ရပြန်သည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Onde histórias criam vida. Descubra agora