အပိုင်း-၃၀

1.4K 93 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၀)

@@@@@@@@@@@@@@

အရင်က ခုနှစ်နှစ်သား ဝဝကစ်ကစ် ချစ်စဖွယ် ကလေးငယ်က အခုတော့.. ကျောင်းကနေ ပျောင်းကို ပြေးလာခဲ့ပြီး တစ်ယောက်တည်း ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ စားဖို့ သောက်ဖို့ ပြီးတော့ ထွက်ပြေးဖို့ကို ဘယ်လောက်တောင် ရုန်းကန်ခဲ့ရမလဲ မသိပဲ.. ပိန်သွယ်သွယ်လေး ဖြစ်နေပြီ။

'လီဝမ်.. မမကို ပြန်ရှာရမယ်..'

'မင်းသမီးကို ပြန်ရှာမှာပါ.. မင်းသား စိတ်မပူပါနဲ့.. ဒါပေမယ့်.. ကျောင်းမင်းကြီးက မင်းသမီးကို ရှာတွေ့ရင် ကျောင်းနန်းတော်မှာ မိဖုရားလုပ်ဖို့ အမိန့်စာ ထုတ်ထားပါတယ်..'

'ဘာ.. ငါ့မမကို သူက..'

ဒေါသတွေ ထန်လာပြီး မျက်နှာတွေ နီလာလျက် မောပန်းထားသော ဒဏ်တို့ဖြင့် ရှောင်အယ်က ထိုနေရာမှာပင် လဲကျ မေ့မျောသွားတော့၏။

ရှောင်အယ် ပြန်သတိရလာတော့ အေးစက်သော တောတောင်ထဲတွင် မဟုတ်ပဲ အိစက်ညက်ညောနေသော သလွန်တစ်ခု ပေါ်တွင် ဖြစ်၏။ အနားတွင် လီဝမ်က စစ်ဝတ်စုံကို ချွတ်ထားပြီး အင်္ကျီအဖြူဝတ်ဖြင့် ထိုင်ခုံတွင် ထိုင်လျက် လက်ထောက်ကာ နေ၏။ ရှောင်အယ် လူးလဲထရပ်လိုက်ပြီး လီဝမ်အား..

'လီဝမ်.. မမကို ပြန်ခေါ်မှာ ဖြစ်မှာ..'

သူ အနားသို့ တိုးသွားကာ ပြောလိုက်တော့ လီဝမ်က မျက်လုံးတွေ ပွင့်ဟလာပြီး.. သူ့ကို ငေးရီစွာ စူးစိုက်ကြည့်နေ၏။ သနားသော ကြင်နာသော သို့သော်.. အခက်အခဲ ဖြစ်နေသော မျက်ဝန်းတို့က သူ့မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။

'လီဝမ်..'

လီဝမ်က စားပွဲပေါ်တွင် တင်ထားသော ဓားကို ကောက်ယူလိုက်ပြီးမှ.. သူ့ကို တစ်ချက်မျှ ခေါင်းငုံ့လျက် အရိုအသေပေးလိုက်ပြီး..

'မင်းသားငယ် အနားယူလိုက်ပါအုံး..'

'မမက..'

ထိုစကားတွေကို လီဝမ် နားမထောင်လိုတော့ပေ။ ကျောင်းမင်းကြီး၏ အမိန့်အတော်အရ မင်းသားငယ်ကို နန်းတော်အတွင်းမှ အပြင်သို့ မထွက်စေပဲ တစ်ပါးသူတွေ မသိစေပဲ ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာ တစ်ခုသာ အတွေးထဲမှာ မွေနှောက်နေ၏။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora